ဒီနေ့ခေတ် ရောင်းချနေကြတဲ့ စမတ်ဖုန်း အများစုမှာ WiFi 6 နဲ့ WiFi 6E စံနှုန်းတွေကို အသုံးပြုထားကြပြီး WiFi 6E ဟာ WiFi 7 ရဲ့ အစောပိုင်း Version လို့ ပြောနိုင်ပါတယ်။

အခုတော့ DigiTimes က WiFi 7 ပါတဲ့ ပထမဆုံး စမတ်ဖုန်းတွေကို ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်မှာ ရောင်းချမယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။ ထုံးစံအတိုင်းပဲ Samsung ဟာ WiFi စံနှုန်း အသစ်ကို အစောဆုံး အသုံးပြုမှာ ဖြစ်ပြီး Galaxy S24 ဟာ WiFi 7 ကို ပထမဆုံး အသုံးပြုထားမှာ ဖြစ်ပါတယ်။

WiFi 7 set to deliver speeds up to 40 Gigabits per second, slated for a demo by MediaTek at CES 2022 - NotebookCheck.net News

WiFi 7 ရဲ့ အမြန်နှုန်းအကြောင်း လေ့လာကြည့်ရအောင်။ WiFi 7 ဟာ WiFi 6 ထက် အမြန်နှုန်း ၂.၄ ဆ ပိုမြန်လာမှာ ဖြစ်ပြီး WiFi Organization က WiFi 7 ရဲ့ အမြန်နှုန်းဟာ 33Gbps အထိ ရှိမယ်လို့ ပြောပါတယ်။ WiFi 7 Devices တွေဟာ 300MHz Channels ကို အသုံးပြုနိုင်မှာ ဖြစ်ပြီး Physical (PHY) နဲ့ Medium Access Control (MAC) ကို ယူဆောင်လာမှာ ဖြစ်ကာ လက်ရှိ 2.4GHz, 5GHz နဲ့ 6GHz Frequencies တွေနဲ့ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

Samsung Galaxy S24 to debut with Wi-Fi 7 connectivity in H2 2024

Qualcomm က WiFi 7 Networking Pro Series WiFi Chips တွေကို ပြသထားပြီးပြီ ဖြစ်ပြီး ပထမအသုတ် WiFi 7 Home Routers နဲ့ Laptop တွေကို ၂၀၂၄ ခုနှစ် အစောပိုင်းမှာ တွေ့လာရနိုင်ပါတယ်။

Ref : gsmarena