Samsung ဟာ လာမယ့်နှစ်စပိုင်းမှာ Galaxy S21 Series စမတ်ဖုန်းတွေကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းတွေဟာ Galaxy S30 Series လို့လည်း ခေါ်ဆိုနိုင်ပြီး Galaxy S Series ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ S Pen Support ရရှိလာမှာလည်းဖြစ်ပါတယ်။

အစောပိုင်းတုန်းကလည်း Galaxy S21 Series စမတ်ဖုန်းတွေဟာ In-Display Selfie Camera ကို အသုံးပြုလာမယ်ဆိုပြီး သတင်းတွေထွက်ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုထပ်မံထွက်ရှိလာတဲ့သတင်းအရတော့ Samsung ဟာ Galaxy S21 Series ဖုန်းတွေမှာ In-Display Selfie Camera ကို ထည့်သွင်းလာဦးမှာမဟုတ်တော့ပါဘူး။

အဆိုပါသတင်းကိုတော့ South Korea သတင်းဌာနတစ်ခုဖြစ်တဲ့ The Elec ကနေ ဖော်ပြခဲ့တာဖြစ်ပြီးတော့ Galaxy S21 Series သို့မဟုတ် Galaxy S30 Series ဖုန်းသစ်တွေမှာ In-Display Selfie Camera ပါဝင်မှာမဟုတ်တော့တာသေချာတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါကလည်း Samsung ကနေ အဆိုပါ နည်းပညာကို အမြောက်အများထုတ်လုပ်နိုင်ခြင်းမရှိသေးတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် Galaxy S21 Series စမတ်ဖုန်းတွေဟာ လက်ရှိ Galaxy S20 Series နဲ့ Note 20 Series ဖုန်းတွေလိုမျိုးပဲ Center-mounted Punch-hole Selfie Camera ကိုပဲ ဆက်လက်အသုံးပြုလာမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း The Elec ရဲ့ ဖော်ပြချက်အရတော့ Samsung ဟာ ၂၀၂၁ နှစ်ဝက်ပိုင်းမှာ မိတ်ဆက်ဖို့ရှိနေတဲ့ Galaxy Z Fold 3 စမတ်ဖုန်းမှာတော့ In-Display Selfie Camera ကို ထည့်သွင်းလာဖို့ရှိနေတာဖြစ်ပါတယ်။ Galaxy Z Fold 3 မှာ S Pen လည်းပါဝင်လာနိုင်တဲ့အတွက် Samsung အနေနဲ့ Foldable ဖုန်းတွေကိုပဲ သေချာအာရုံစိုက်သွားမယ့်ပုံစံပါပဲ။

ဘာပဲဖြစ်ဖြစ် တခြားသော Xiaomi ၊ realme အပါအဝင် စမတ်ဖုန်းထုတ်လုပ်သူအများအပြားကတော့ လာမယ့်နှစ်မှာ In-Display Selfie Camera ပါဝင်တဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်လာဖွယ်ရှိနေပါတယ်။

Ref – Android Authority