Samsung ကနေ လာမယ့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ Samsung Galaxy S9 ကို တရားဝင်ကြေငြာသွားတော့မှာဖြစ်ပြီးတော့ အခုအချိန်မှာ နာမည်း Leak သတင်းတွေကိုရေးသားတဲ့ Evan Blass ကနေ Samsung Galaxy S9 နဲ့ S9 Plus ရဲ့ ဓါတ်ပုံတွေကို သူရဲ့ Twitter Account မှာ တင်ခဲ့ပါတယ်။

အခုဓါတ်ပုံအရ Samsung Galaxy S9 နဲ့ S9 Plus စမတ်ဖုန်းတွေဟာ အရှေ့ဘက် Design အရတော့ Samsung Galaxy S8 နဲ့ S8 Plus နဲ့တူညီမှာဖြစ်ပြီးတော့ ဘေးဘောင်အနည်းငယ်ပိုပါးသွားတာပဲကွာခြားသွားမယ်လို့သိရပါတယ်။

Even Blass က အခု Samsung Galaxy S9 ဖုန်းတွေရဲ့ နောက်ကျောဘက်ကိုတော့ ပြသခဲ့ခြင်းမရှိပေမယ့် ကင်မရာနဲ့ Fingerprint နေရာက ဒေါင်လိုက်ဖြစ်နေမှာဖြစ်ကြောင်း ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

Samsung ရဲ့ အခုဖုန်းတွေဖြစ်တဲ့ Galaxy S9 နဲ့ S9 Plus စမတ်ဖုန်းတွေဟာ S8 နဲ့ ဒီဇိုင်းတူညီတာကြောင့် ၂၀၁၈ အတွက် အကောာင်းဆုံးဖြစ်နိုင်ဦးမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။