Samsung ဟာ တန်ဖိုးနည်း တက်ဘလက် ၁ လုံးကို ဖန်တီးနေတဲ့ အထောက်အထားတွေတွေ့လာရပါပြီ။ အဲဒီ တက်ဘလက်ဟာ Galaxy Tab A 8.4 (2021) ဖြစ်ပြီး Galaxy Tab A 8.4 (2020) ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။ အဲဒီ မော်ဒယ်ကို ၂၀၂၀ ခုနှစ် မတ်လမှာ ကြေညာခဲ့တဲ့အတွက် မျိုးဆက်သစ်ကိုလည်း ဒီနှစ် မတ်လလောက်မှာ ချပြနိုင်ပါတယ်။

Samsung Galaxy Tab A 8.4 (2021) surfaces in rough CAD-based renders

အခုတော့ Samsung Galaxy Tab A 8.4 (2021) ရဲ့ ဒီဇိုင်း ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ ထောင့်စွန်းတွေက လုံးဝိုင်းပြီး တန်ဖိုးနည်း တက်ဘလက် ၁ လုံးအတွက် မျက်နှာပြင်ဘေးဘောင် မထူတဲ့ ဒီဇိုင်းက မဆိုးဘူးလို့ ပြောနိုင်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၁ လုံးပါလာပြီး အရှေ့ဘက်မှာ Physical ခလုတ် ၁ ခုမှ မပါလာပါဘူး။ လက်ဗွေရာ အာရုံခံ ကိရိယာကိုလည်း မတွေ့ရပါဘူး။ အရင်မျိုးဆက်နဲ့ ယှဉ်ရင် ဒီဇိုင်း အများကြီး ပြောင်းလဲလာတာ မရှိပေမယ့် အတွင်းပိုင်း အစိတ်အပိုင်းတွေ တိုးတက်လာမှာပါ။

Samsung Galaxy Tab A 8.4 (2021) surfaces in rough CAD-based renders

Samsung Galaxy Tab A 8.4 (2021) ရဲ့ အရွယ်အစား အပြည့်အစုံဟာ 201.9 x 125.2 x 7 mm ဖြစ်ပြီး အဲဒီအတိုင်းအတာတွေဟာ ၂၀၂၀ မော်ဒယ်ရဲ့ 202 x 125.2 x 7.1 mm နဲ့ တူညီနေပါတယ်။ မျိုးဆက်သစ် တက်ဘလက်မှာ အရင်မျိုးဆက်ရဲ့ 3.5mm Headphone Jack နဲ့ USB-C Charging Port တွေ ပါလာမှာပါ။

Samsung Galaxy Tab A 8.4 (2021) surfaces in rough CAD-based renders

Ref : gsmarena