Samsung ကနေ အခုနောက်ဆုံးအနေနဲ့ Budget Tablet တစ်ခုဖြစ်တဲ့ Galaxy Tab A ကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Tablet ဟာဆိုရင် ဈေးနှုန်းအထူးသက်သာမှာဖြစ်ပြီး Samsung ကထုတ်လုပ်တာဖြစ်ပေမယ့် ဒေါ်လာ ၂၀၀ ကျော် (ငွေကျပ် ၃ သိန်းအောက်) ပဲကျသင့်မှာဖြစ်ပါတယ်။

Samsung Galaxy Tab A က 8″ 1280×800 Resolution ရှိတဲ့ Display ပါဝင်မှာဖြစ်ပြီးတော့ 5000mAh Battery ပါဝင်မှာပါ။ ကင်မရာပိုင်းအနေနဲ့လည်း 5MP Front Camera နဲ့ 8MP Back Camera ပါဝင်မှာဖြစ်ပါတယ်။

အခြားသော Specifications တွေအနေနဲ့ကတော့ Processor က Qualcomm Snapdragon 425 CPU ကိုအသုံးပြုထားပြီး RAM အနေနဲ့ 2GB, Internal Storage အနေနဲ့ 32GB ပါဝင်မှာဖြစ်ပါတယ်။ Storage ထပ်တိုးချင်တယ်ဆိုရင်လည်း MicroSD Card ကနေ 256GB အထိ ထပ်တိုးလို့ရမှာပါ။

Samsung Tab A ကို ဈေးနှုန်းအရ အတိအကျအနေနဲ့ $229.99 နဲ့ပဲရောင်းချသွားမှာဖြစ်ပြီးတော့ လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ ဈေးနှုန်းအရသက်သာပေမယ့် တခြား Tablet တွေလိုမဟုတ်ပဲ USB Type C Port ပါဝင်နေတာက အားသာချက်ဖြစ်မှာပါ။

နောက်ထပ် Samsung Galaxy Tab A ရဲ့ အားသာချက်နောက်တစ်ခုကတော့ Kids Mode ဆိုပြီး ကလေးငယ်တွေ အသုံးပြုတဲ့အချိန်မှာ မဆိုင်တဲ့ Application တွေ၊ Folder တွေကို ဝင်ကြည့်တာ… ဖုန်းတွေ Message တွေပို့လို့မရအောင် ပိတ်ပေးနိုင်တဲ့ Function ပါနေတာကလည်း ထူးခြားနေမှာဖြစ်ပါတယ်။