Samsung ဟာ တန်ဖိုးနည်း ၁၀ လက်မ တက်ဘလက် အသစ် ၁ လုံးကို ဖန်တီးနေပြီး နောက်လ ကြေညာနိုင်ပါတယ်။ Samsung Galaxy Tab A8 10.5 (2021) ဖြစ်ပြီး အခုတော့ Specs တွေ ပေါက်ကြားလာပါတယ်။

Samsung Galaxy Tab A8 10.5 (2021) renders by @OnLeaksSamsung Galaxy Tab A8 10.5 (2021) renders by @OnLeaks

တက်ဘလက်မှာ ၁၀.၅ လက်မ LCD 1920x1200p မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 60Hz Refresh Rate ထောက်ပံ့ထားမှာပါ။ Dolby Atmos ပါတဲ့ စပီကာ ၄ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး မီဒီယာတွေ ကြည့်ရှုခံစားလို့ ကောင်းမှာပါ။

Unisoc Tiger T618 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး မော်ဒယ်တချို့မှာ LTE ဆက်သွယ်မှု ပါလာမှာပါ။ WiFi Only မော်ဒယ်တွေလည်း ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး အခြေခံ မော်ဒယ်မှာ 3/32GB ထည့်သွင်းထားမှာပါ။ 4/64GB နဲ့ 4/128GB မော်ဒယ်တွေလည်း ရွေးချယ်နိုင်မှာပါ။

Samsung Galaxy Tab A8 10.5 (2021) leaks in detail: 10.5'' display, $260 or so price, LTE option

Samsung Galaxy Tab A8 10.5 (2021) မှာ 7,040mAh ဘက်ထရီ တပ်ဆင်ထားမှာ ဖြစ်ပြီး Fast Charging အကြောင်း မသိရသေးပါဘူး။ Galaxy Tab A7 10.4 (2020) မှာတော့ 15W Charging ထောက်ပံ့တဲ့ 7,040mAh ဘက်ထရီ ထည့်ထားတာပါ။

Samsung Galaxy Tab A8 10.5 (2021) မှာ နားကြပ်ပေါက် တပ်ဆင်ထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ 8MP နဲ့ အရှေ့ဘက်မှာ 5MP ကင်မရာတွေ ထည့်သွင်းထားမှာပါ။  ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Face Unlock လည်း သုံးနိုင်မှာပါ။ အရွယ်အစား အပြည့်အစုံက 246.7 161.8 x 6.9 mm ဖြစ်ပြီး အထူက ၈.၇ မီလီမီတာ ဖြစ်ပါတယ်။ ရွှေ၊ ငွေနဲ့ အညိုရောင် ထုတ်လုပ်ထားပြီး နောက်လ ၂၁ ရက်နေ့ ကြေညာနိုင်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၂၆၀ ဒေါ်လာနဲ့ ရောင်းချနိုင်ပြီး မြန်မာငွေ ၄ သိန်း ၈ သောင်းလောက် ကျသင့်နိုင်ပါတယ်။

Ref : gsmarena