Samsung ဟာ Android တက်ဘလက်ဈေးကွက်မှာ ထုတ်ကုန် အသစ်တွေကို စဉ်ဆက်မပြတ် ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီ ဖြစ်ပြီး Series များစွာ ထုတ်လုပ်ထားပါတယ်။ ကုမ္ပဏီဟာ စွမ်းဆောင်ရည်သင့် Galaxy Tab A8 2021 ကို ဖန်တီးနေပြီး အခုတော့ @OnLeaks နဲ့ 91Mobiles တို့က အဲဒီ တက်ဘလက်ရဲ့ ဓါတ်ပုံတွေကို မျှဝေလိုက်ပါတယ်။

Samsung Galaxy Tab A8 2021 render (credit: @OnLeaks x 91Mobiles)

Galaxy Tab A8 2021 ဟာ အရင်နှစ်ကထွက်ခဲ့တဲ့ Galaxy Tab A7 10.4 ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး ၁၀.၄ လက်မ LCD FHD+ မျက်နှာပြင် ပါလာမှာက တူညီနေပါတယ်။ ကိုယ်ထည်ကို အလူမီနီယမ်နဲ့ တည်ဆောက်ထားပြီး အရွယ်အစား အပြည့်အစုံက 246.7 x 161.8 x 6.9mm ဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။ အနောက်ဘက်မှာ 8MP ကင်မရာ ၁ လုံးထဲ တပ်ဆင်ထားမှာပါ။

ပေါက်ကြားသတင်းတွေအရ Galaxy Tab A8 2021 မှာ စပီကာ ၄ လုံး၊ နားကြပ်ပေါက်၊ USB-C Port တွေ ပါလာမှာ ဖြစ်ပြီး WiFi Only နဲ့ LTE Version တွေ ထုတ်လုပ်ထားနိုင်ပါတယ်။ တခြားကျန်တဲ့ Specifications တွေကို လက်ရှိမှာ မသိရသေးပါဘူး။

Samsung ဟာ Galaxy Tab A8 2021 နဲ့ ပတ်သက်ပြီး Teaser ၁ ခုမှကို မျှဝေသေးခြင်း မရှိဘဲ ရေငုံနှုတ်ပိတ်နေနေပါသေးတယ်။ မိတ်ဆက်မယ့် နေ့ကိုလည်း မသိရသေးပါဘူး။ ဒါပေမယ့် မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီ တက်ဘလက်ရဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena