Samsung က Galaxy Tab A9 တက်ဘလက်ကို ကြေညာလိုက်ပါတယ်။ တရားဝင် ဂွာတီမာလာ ဝက်ဘ်ဆိုက်နဲ့ Amazon UAE မှာ အဲဒီ တက်ဘလက်ကို စာရင်းတင်ထားပါတယ်။ Tab A9+ ကိုလည်း စာရင်းတင်ထားပေမယ့် Specs နဲ့ ‌ဈေးနှုန်း သတင်းအချက်အလက်တွေကို မဖော်ပြထားပါဘူး။

Samsung Galaxy Tab A9 silently launched

Tab A9 မှာ 8.7” IPS LCD 800x1340p မျက်နှာပြင် တပ်ဆင်ထားပါတယ်။ အရင်က Google Play Console က စာရင်းအရ အဲဒီ တက်ဘလက်မှာ MediaTek Helio G99 Chip နဲ့  4GB RAM နဲ့ 64GB Storage ကို အခြေခံ မော်ဒယ်မှာ ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် microSD Card Slot လည်း ပါလာမှာပါ။ Amazon UAE စာရင်းအရ Tab A9 နဲ့ A9+ မှာ 8GB RAM နဲ့ 128GB Storage ထည့်ထားမယ်လို့ ဖော်ပြထားပါတယ်။

Galaxy Tab A9 and Tab A9+Galaxy Tab A9 and Tab A9+

Tab A9+ မှာ 11” LCD 1200x1920p မျက်နှာပြင်၊ Snapdragon 695 Chipset ၊ 4/8GB RAM ၊128GB Storage အထိနဲ့ 5G ဆက်သွယ်ရေး ပါလာနိုင်ပါတယ်။ တက်ဘလက် ၂ လုံးစလုံးမှာ Android 13 အခြေပြု One UI 5.1 မောင်းနှင်ထားမှာပါ။ တက်ဘလက် ၂ လုံးစလုံးရဲ့ ကင်မရာနဲ့ ဘက်ထရီ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။

Galaxy Tab A9 box contents

Samsung Galaxy Tab A9 LTE Version ကို Amazon UAE မှာ AED 699 ($190) သတ်မှတ်ထားပါတယ်။ လာမယ့် ရက်ပိုင်းအတွင်း တခြား နိုင်ငံတွေရဲ့ ရောင်းဈေးကို သိလာရမှာပါ။

Ref: gsmarena