Samsung က Galaxy Tab S4 အတွက် Android 10 အခြေပြု One UI 2.1 ကို ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဖြန့်ချိပေးလိုက်ပြီး ၂၀၂၀ ဇွန်လ ၁ ရက်အတွက် Android Security Patch ပါလာပါတယ်။ အဲဒီ Update ကို ဥရောပမှာ LTE version (SM-T835) အတွက်ပဲ ဖြန့်ချိပေးခဲ့တာ ဖြစ်ပြီး အခုတော့ အမေရိကန်နဲ့ ကနေဒါက Wi-Fi version (SM-T830) အတွက် ရရှိပါပြီ။
အဲဒီ Update ရဲ့ Build Number က T830XXU4CTF5 ဖြစ်ပြီး LTE Version Firmware ရဲ့ Changelog နဲ့ တူပါတယ်။ Dark Mode ပါလာပြီး Titles နဲ့ Buttons အတွက် Layout ပိုကောင်းလာပါတယ်။ App Icons တွေက ပိုရှင်းလင်းလာပြီး Full Screen Navigation Gestures အသစ်တွေ ထည့်ထားပါတယ်။
Digital Wellbeing ပါလာပြီး Music Share နဲ့ Quick Share လုပ်ဆောင်ချက် အသစ် ၂ ခု ထည့်ထားပါတယ်။ Music Share က Bluetooth Device တွေနဲ့ သီချင်းတွေ မျှဝေနိုင်ပြီး Quick Share က အနီးအနားက Samsung Device တွေနဲ့ ဖိုင်တွေ လွယ်ကူစွာ မျှဝေနိုင်ပါတယ်။
Update ရဲ့ အရွယ်အစားဟာ 1.76GB ဖြစ်ပြီး Over The Air ကနေ ဖြန့်ချိပေးနေပါတယ်။ လာမယ့် ရက်ပိုင်းအတွင်းမှာ Update ရတဲ့ Notification ရလာနိုင်ပါတယ်။ ဒါမှမဟုတ် Settings> Software Update ထဲကနေ စစ်ဆေးနိုင်ပါတယ်။
Ref : gsmarena