Zawgyi

Galaxy Tab S4 ဆိုတာ ၁၀.၅ လက္မ မ်က္ႏွာျပင္ အက်ယ္ရွိတဲ့ Flagship Tablet အမ်ိဴးအစား ျဖစ္ပါတယ္။ SAMSUNG အေနနဲ႔ Galaxy Tab S4 ကို ၂၀၁၈ခုႏွစ္ ၾသဂုတ္လတုန္းက စတင္မိတ္ဆက္ခဲ့တာ ျဖစ္ၿပီး Ultrabook ေတြထက္ ပိုမိုေပါ့ပါးတဲ့ Device တစ္ခုကို ကိုင္ေဆာင္လိုသူမ်ားအတြက္ ရည္႐ြယ္ ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္လည္း Galaxy Tab S4 နဲ႔ တြဲဖက္အသုံးျပဳႏိုင္မယ့္ Keyboard ေတြကို ထုတ္လုပ္ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။ Galaxy Tab S4 နဲ႔ တြဲဖက္အသုံးျပဳဖို႔အတြက္ S Pen ကိုလည္း ထုတ္လုပ္ထားပါေသးတယ္။ S Pen ကေတာ့ ပန္းခ်ီဆြဲ ဝါသနာရွင္မ်ားအတြက္ သင့္ေတာ္တဲ့ Gadget တစ္ခုပါ။

Galaxy Tab S4 ဟာ အေလးခ်ိန္ ၄၈၃ဂရမ္နဲ႔ အထူ ၇.၁မီလီမီတာသာ ရွိတဲ့အတြက္ ၁၀.၅လက္မ အ႐ြယ္အစား Tablet တစ္လုံးအေနနဲ႔ ၾကည့္မယ္ဆိုရင္ ေတာ္ေတာ္ေလး ေပါ့ပါးတယ္လို႔ ေျပာရမွာပါ။ Body အပိုင္းမွာဆိုရင္ ေရွ႕/ေနာက္ Glass ဖုံးအုပ္ေပးထားၿပီး Aluminum Frame ကို အသုံးျပဳေပးထားပါတယ္။ Galaxy Tab S4 ကို Wi-Fi နဲ႔ LTE ဆိုၿပီး ဗားရွင္း ၂မ်ိဴးထုတ္လုပ္ထားေပမယ့္ လက္ရွိ ကြၽန္ေတာ္ စမ္းသပ္ အသုံးျပဳေနတဲ့ ေမာ္ဒယ္ကေတာ့ LTE ဗားရွင္းပါ။ LTE ဗားရွင္း ျဖစ္တဲ့အတြက္ Nano-SIM ၁ကဒ္ ထည့္သြင္း အသုံးျပဳႏိုင္ၿပီး၊ အဆိုပါ Nano-SIM နဲ႔အတူ MicroSD 400GB အထိ ထပ္စိုက္ႏိုင္ပါတယ္။ မူလပါတဲ့ Internal Storage က 64GB ျဖစ္ၿပီး RAM 4GB ထည့္သြင္းေပးထားပါတယ္။

Processor အပိုင္းအတြက္ Qualcomm ရဲ႕ ေနာက္ဆုံးထြက္ SoC ကို အသုံးျပဳထားျခင္း မရွိဘဲ မႏွစ္က ထြက္ရွိခဲ့တဲ့ Snapdragon 835 SoC ကိုသာ အသုံးျပဳထားတာ ေတြ႕ရပါတယ္။ ဒါေပမယ့္လည္း Application အားလုံးနီးပါးကို ေခ်ာေခ်ာေမြ႕ေမြ႕ အသုံးျပဳႏိုင္မွာ ျဖစ္ၿပီး၊ Graphic Intensive ျဖစ္တဲ့ Game ႀကီးေတြကိုလည္း အဆင္ေျပေျပ ေဆာ့ကစားႏိုင္မွာပါ။ Galaxy Tab S4 ဟာ Gamer ေတြအတြက္ ရည္႐ြယ္ထုတ္လုပ္ထားတာ မဟုတ္ေပမယ့္ Asphalt 9 နဲ႔ PUBG ကိုေတာ့ စမ္းသပ္ ေဆာ့ကစားၾကည့္မိပါတယ္။ Racing Game အမ်ိဴးအစား ျဖစ္တဲ့ Asphalt 9 ကို ႐ုပ္ထြက္အလန္းႀကီးေတြနဲ႔ အရသာရွိရွိ ေဆာ့ကစားႏိုင္တာ ေတြ႕ရၿပီး၊ PUBG မွာေတာ့ ႐ုပ္ထြက္လန္းေပမယ့္ Battle Royale Game ျဖစ္ေနတာေၾကာင့္ လက္ထဲမွာ ကိုင္ၿပီးေဆာ့ရတာ အဆင္မေျပခဲ့ပါဘူး။

 

႐ုပ္ထြက္ေတြ လန္းေနရတဲ့ အေၾကာင္းအရင္းကေတာ့ Resolution 1600 x 2560 pixels ရွိတဲ့ Super AMOLED Display ကို အသုံးျပဳထားလို႔ပါ။ ဒါ့အျပင္ Screen-to-body Ratio ကလည္း 78.6% အထိ ရွိလာတဲ့အတြက္ အရင္မ်ိဴးဆက္ Galaxy Tab S3 နဲ႔ယွဥ္မယ္ဆိုရင္ ေဘာင္ေတြ ေတာ္ေတာ္ ပါးသြားတယ္လို႔ ေျပာရမွာပါ။ ဗီဒီယိုေတြ ၾကည့္တဲ့အခါမွာလည္း Super AMOLED ေက်းဇူးေၾကာင့္ အရည္အေသြး ျပည့္ဝတဲ့ ဗီဒီယိုေတြကို အရသာရွိရွိ ၾကည့္ရွဴ႕ခံစားႏိုင္မွာ ဧကန္မုခ်ပါပဲ။ အသံပိုင္းမွာလည္း AKG က Tuned လုပ္ထားတဲ့ Speaker ၄လုံးကို တပ္ဆင္ေပးထားပါေသးတယ္။ ဒါ့အျပင္ Dolby Atmos ရဲ႕ Support လည္း ရရွိဦးမွာပါ။ ဒါ့ေၾကာင့္ ၾကည္လင္ျပတ္သားတဲ့ အသံေတြကို နားဆင္ႏိုင္မွာ ျဖစ္ပါတယ္။

ကင္မရာ အပိုင္းမွာဆိုရင္ 13MP Camera ကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ေပးထားတဲ့အတြက္ 4K ဗီဒီယိုေတြကို 30fps (frame per second) နဲ႔ ႐ိုက္ကူးႏိုင္တာ ေတြ႕ရပါတယ္။ Front Facing Camera အတြက္ကိုေတာ့ 8MP Sensor ကိုသာ တပ္ဆင္ေပးထားတာေၾကာင့္ 1080p ဗီဒီယိုေတြကိုပဲ ႐ိုက္ကူးႏိုင္ပါလိမ့္မယ္။ Security အပိုင္းအတြက္ Face Recognition စနစ္ထည့္သြင္းေပးထားသလို Iris Scanner နည္းပညာကိုလည္း အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Infrared Sensor ပါဝင္တာေၾကာင့္ ညဘက္လိုမ်ိဴး အလင္းေရာင္နည္းတဲ့ အခ်ိန္ေတြမွာေတာင္ အဆင္ေျပေျပ အသုံးျပဳႏိုင္တာကို ေတြ႕ရပါတယ္။

ဘက္ထရီ သိုေလွာင္မႈ ပမာဏ 7300mAh ထည့္သြင္းေပးထားၿပီး၊ USB Type-C ကေန တစ္ဆင့္ အားသြင္းႏိုင္မယ့္ အျမန္အားသြင္းစနစ္လည္း ပါဝင္မွာပါ။ ဒါ့ေၾကာင့္ ဗီဒီယိုၾကည့္လိုက္၊ ဂိမ္းေဆာ့လိုက္၊ Social App ေတြသုံးလိုက္ လုပ္မယ္ဆိုရင္ တစ္ရက္တာေလာက္ကေတာ့ ေအးေအးေဆးေဆး အသုံးျပဳႏိုင္တဲ့ အေနအထားမွာ ရွိပါတယ္။ လုပ္ငန္းသုံး Apps ေတြျဖစ္တဲ့ Microsoft Word, Excel နဲ႔ PowerPoint ေလာက္သာ အသုံးျပဳသူမ်ားအေနနဲ႔ Laptop ဒါမွမဟုတ္ Ultrabook ေတြကို ေလးလြန္းလို႔ သြားေလရာမွာ သယ္ေဆာင္မသြားခ်င္ဘူးဆိုရင္ SAMSUNG Galaxy Tab S4 က အသင့္ေတာ္ဆုံး ျဖစ္လာႏိုင္ပါတယ္။

SAMSUNG Galaxy Tab S4 ရဲ႕ ေစ်းႏႈန္းကေတာ့ ၁,၁၄၀,၀၀၀ က်ပ္ျဖစ္ၿပီး ျမန္မာႏိုင္ငံမွာလည္း စတင္ဝယ္ယူလို႔ ရေနပါၿပီ။ အေရာင္ကေတာ့ အနက္နဲ႔ မီးခိုး အေရာင္ ၂မ်ိဴးေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာပါ။ အခုအခ်ိန္မွာ ဝယ္ယူမယ့္ Customer မ်ားအတြက္ Keyboard ကို အထူးလက္ေဆာင္အျဖစ္ ေပးအပ္သြားမွာ ျဖစ္ၿပီး အေရအတြက္ကိုေတာ့ ကန္႔သတ္ထားတယ္လို႔ သိရပါတယ္။ S Pen ကိုလည္း သီးသန္႔ဝယ္ယူစရာမလိုဘဲ ဘူးထဲမွာ တခါတည္း ထည့္သြင္းေပးထားပါတယ္။

Unicode

Tablet ဆိုတာထက် ပေါ့ပေ့ါပါးပါး Laptop တစ်လုံးလို အသုံးပြုနိုင်မယ့် SAMSUNG Galaxy Tab S4

Galaxy Tab S4 ဆိုတာ ၁၀.၅ လက်မ မျက်နှာပြင် အကျယ်ရှိတဲ့ Flagship Tablet အမျိူးအစား ဖြစ်ပါတယ်။ SAMSUNG အနေနဲ့ Galaxy Tab S4 ကို ၂၀၁၈ခုနှစ် သြဂုတ်လတုန်းက စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပြီး Ultrabook တွေထက် ပိုမိုပေါ့ပါးတဲ့ Device တစ်ခုကို ကိုင်ဆောင်လိုသူများအတွက် ရည်ရွယ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း Galaxy Tab S4 နဲ့ တွဲဖက်အသုံးပြုနိုင်မယ့် Keyboard တွေကို ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ Galaxy Tab S4 နဲ့ တွဲဖက်အသုံးပြုဖို့အတွက် S Pen ကိုလည်း ထုတ်လုပ်ထားပါသေးတယ်။ S Pen ကတော့ ပန်းချီဆွဲ ဝါသနာရှင်များအတွက် သင့်တော်တဲ့ Gadget တစ်ခုပါ။

Galaxy Tab S4 ဟာ အလေးချိန် ၄၈၃ဂရမ်နဲ့ အထူ ၇.၁မီလီမီတာသာ ရှိတဲ့အတွက် ၁၀.၅လက်မ အရွယ်အစား Tablet တစ်လုံးအနေနဲ့ ကြည့်မယ်ဆိုရင် တော်တော်လေး ပေါ့ပါးတယ်လို့ ပြောရမှာပါ။ Body အပိုင်းမှာဆိုရင် ရှေ့/နောက် Glass ဖုံးအုပ်ပေးထားပြီး Aluminum Frame ကို အသုံးပြုပေးထားပါတယ်။ Galaxy Tab S4 ကို Wi-Fi နဲ့ LTE ဆိုပြီး ဗားရှင်း ၂မျိူးထုတ်လုပ်ထားပေမယ့် လက်ရှိ ကျွန်တော် စမ်းသပ် အသုံးပြုနေတဲ့ မော်ဒယ်ကတော့ LTE ဗားရှင်းပါ။ LTE ဗားရှင်း ဖြစ်တဲ့အတွက် Nano-SIM ၁ကဒ် ထည့်သွင်း အသုံးပြုနိုင်ပြီး၊ အဆိုပါ Nano-SIM နဲ့အတူ MicroSD 400GB အထိ ထပ်စိုက်နိုင်ပါတယ်။ မူလပါတဲ့ Internal Storage က 64GB ဖြစ်ပြီး RAM 4GB ထည့်သွင်းပေးထားပါတယ်။

Processor အပိုင်းအတွက် Qualcomm ရဲ့ နောက်ဆုံးထွက် SoC ကို အသုံးပြုထားခြင်း မရှိဘဲ မနှစ်က ထွက်ရှိခဲ့တဲ့ Snapdragon 835 SoC ကိုသာ အသုံးပြုထားတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း Application အားလုံးနီးပါးကို ချောချောမွေ့မွေ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး၊ Graphic Intensive ဖြစ်တဲ့ Game ကြီးတွေကိုလည်း အဆင်ပြေပြေ ဆော့ကစားနိုင်မှာပါ။ Galaxy Tab S4 ဟာ Gamer တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ မဟုတ်ပေမယ့် Asphalt 9 နဲ့ PUBG ကိုတော့ စမ်းသပ် ဆော့ကစားကြည့်မိပါတယ်။ Racing Game အမျိူးအစား ဖြစ်တဲ့ Asphalt 9 ကို ရုပ်ထွက်အလန်းကြီးတွေနဲ့ အရသာရှိရှိ ဆော့ကစားနိုင်တာ တွေ့ရပြီး၊ PUBG မှာတော့ ရုပ်ထွက်လန်းပေမယ့် Battle Royale Game ဖြစ်နေတာကြောင့် လက်ထဲမှာ ကိုင်ပြီးဆော့ရတာ အဆင်မပြေခဲ့ပါဘူး။

 

ရုပ်ထွက်တွေ လန်းနေရတဲ့ အကြောင်းအရင်းကတော့ Resolution 1600 x 2560 pixels ရှိတဲ့ Super AMOLED Display ကို အသုံးပြုထားလို့ပါ။ ဒါ့အပြင် Screen-to-body Ratio ကလည်း 78.6% အထိ ရှိလာတဲ့အတွက် အရင်မျိူးဆက် Galaxy Tab S3 နဲ့ယှဥ်မယ်ဆိုရင် ဘောင်တွေ တော်တော် ပါးသွားတယ်လို့ ပြောရမှာပါ။ ဗီဒီယိုတွေ ကြည့်တဲ့အခါမှာလည်း Super AMOLED ကျေးဇူးကြောင့် အရည်အသွေး ပြည့်ဝတဲ့ ဗီဒီယိုတွေကို အရသာရှိရှိ ကြည့်ရှူ့ခံစားနိုင်မှာ ဧကန်မုချပါပဲ။ အသံပိုင်းမှာလည်း AKG က Tuned လုပ်ထားတဲ့ Speaker ၄လုံးကို တပ်ဆင်ပေးထားပါသေးတယ်။ ဒါ့အပြင် Dolby Atmos ရဲ့ Support လည်း ရရှိဦးမှာပါ။ ဒါ့ကြောင့် ကြည်လင်ပြတ်သားတဲ့ အသံတွေကို နားဆင်နိုင်မှာ ဖြစ်ပါတယ်။

ကင်မရာ အပိုင်းမှာဆိုရင် 13MP Camera ကို နောက်ကျောဘက်မှာ တပ်ဆင်ပေးထားတဲ့အတွက် 4K ဗီဒီယိုတွေကို 30fps (frame per second) နဲ့ ရိုက်ကူးနိုင်တာ တွေ့ရပါတယ်။ Front Facing Camera အတွက်ကိုတော့ 8MP Sensor ကိုသာ တပ်ဆင်ပေးထားတာကြောင့် 1080p ဗီဒီယိုတွေကိုပဲ ရိုက်ကူးနိုင်ပါလိမ့်မယ်။ Security အပိုင်းအတွက် Face Recognition စနစ်ထည့်သွင်းပေးထားသလို Iris Scanner နည်းပညာကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Infrared Sensor ပါဝင်တာကြောင့် ညဘက်လိုမျိူး အလင်းရောင်နည်းတဲ့ အချိန်တွေမှာတောင် အဆင်ပြေပြေ အသုံးပြုနိုင်တာကို တွေ့ရပါတယ်။

ဘက်ထရီ သိုလှောင်မှု ပမာဏ 7300mAh ထည့်သွင်းပေးထားပြီး၊ USB Type-C ကနေ တစ်ဆင့် အားသွင်းနိုင်မယ့် အမြန်အားသွင်းစနစ်လည်း ပါဝင်မှာပါ။ ဒါ့ကြောင့် ဗီဒီယိုကြည့်လိုက်၊ ဂိမ်းဆော့လိုက်၊ Social App တွေသုံးလိုက် လုပ်မယ်ဆိုရင် တစ်ရက်တာလောက်ကတော့ အေးအေးဆေးဆေး အသုံးပြုနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ လုပ်ငန်းသုံး Apps တွေဖြစ်တဲ့ Microsoft Word, Excel နဲ့ PowerPoint လောက်သာ အသုံးပြုသူများအနေနဲ့ Laptop ဒါမှမဟုတ် Ultrabook တွေကို လေးလွန်းလို့ သွားလေရာမှာ သယ်ဆောင်မသွားချင်ဘူးဆိုရင် SAMSUNG Galaxy Tab S4 က အသင့်တော်ဆုံး ဖြစ်လာနိုင်ပါတယ်။

SAMSUNG Galaxy Tab S4 ရဲ့ စျေးနှုန်းကတော့ ၁,၁၄၀,၀၀၀ ကျပ် ဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း စတင်ဝယ်ယူလို့ ရနေပါပြီ။ အရောင်ကတော့ အနက်နဲ့ မီးခိုး အရောင် ၂မျိူးရွေးချယ်ဝယ်ယူနိုင်မှာပါ။ အခုအချိန်မှာ ဝယ်ယူမယ့် Customer များအတွက် Keyboard ကို အထူးလက်ဆောင်အဖြစ် ပေးအပ်သွားမှာ ဖြစ်ပြီး အရေအတွက်ကိုတော့ ကန့်သတ်ထားတယ်လို့ သိရပါတယ်။ S Pen ကိုလည်း သီးသန့်ဝယ်ယူစရာမလိုဘဲ ဘူးထဲမှာ တခါတည်း ထည့်သွင်းပေးထားပါတယ်။