Zawgyi
ဒါ့အပြင် Samsung Galaxy Tab S6 မှာ 10.5″ Super AMOLED Display ကို အသုံးပြုထားပြီး Resolution အနေနဲ့လည်း Quad HD+ (1600 x 2560 Pixels) ရှိမှာဖြစ်ပါတယ်။ Camera တွေအနေနဲ့ Dual Camera (13 Primary Sensor + 5MP Ultrawide Camera) ပါဝင်သလို 8MP Selfie Camera လည်း ပါဝင်မှာဖြစ်ပါတယ်။ Battery က 7040mAh Battery ပါဝင်မှာပါ။
Ref – Phone Arena
Unicode
Samsung ကနေ ပြီးခဲ့တဲ့အပတ်တုန်းက Galaxy Note 10 စမတ်ဖုန်းတွေကို မမိတ်ဆက်ခင်မှာတင် Flagship Tablet တစ်ခုဖြစ်တဲ့ Samsung Galaxy Tab S6 ကို မိတ်ဆက်ပေးခဲ့ပါတယ်။
အဆိုပါ Samsung Galaxy Tab S6 ဟာ ဆိုရင်လက်ရှိမှာ အကောင်းဆုံးဖြစ်နေတဲ့ Snapdragon 855 Processor ကို အသုံးပြုထားပြီးတော့ RAM 6GB ၊ Storage 128GB အပြင် RAM 8GB ၊ Storage 256GB Version ကိုပါ ထုတ်ထားတဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာ တော်တော်လေးအားရဖို့ကောင်းနေပါတယ်။
ဒါ့အပြင် Samsung Galaxy Tab S6 မှာ 10.5″ Super AMOLED Display ကို အသုံးပြုထားပြီးတော့ Resolution အနေနဲ့လည်း Quad HD+ (1600 x 2560 Pixels) ရှိမှာဖြစ်ပါတယ်။ Camera တွေအနေနဲ့လည်း Dual Camera (13 Primary Sensor + 5MP Ultrawide Camera) ပါဝင်သလို 8MP Selfie Camera ကိုလည်းပါဝင်မှာဖြစ်ပါတယ်။ Battery ကလည်း 7040mAh Battery ပါဝင်မှာပါ။
ဒါပေမယ့် အခုအချိန်မှာတော့ ဒီ Samsung Galaxy Tab S6 ဟာ လက်ရှိ Tablet တွေထဲမှာ ပထမဆုံးအနေနဲ့ HDR10+ Certification ကိုရရှိသွားပြီဖြစ်ပါတယ်။ Samsung ရဲ့ ပြောကြားချက်အရတော့ အခု HDR10+ နည်းပညာဟာ အသုံးပြုသူတွေကို Immersive ဖြစ်တဲ့ Viewing Experience ရရှိအောင် Brightness ကို အလိုအလျောက် Optimize ဖြစ်အောင် ဆောင်ရွက်ထားမှာဖြစ်ပါတယ်။ HDR10+ နည်းပညာဟာ လက်ရှိ Samsung Galaxy S10 နဲ့ Note 10 ဖုန်းတွေမှာ ပါဝင်မှာဖြစ်ပြီးတော့ Brightness အနေနဲ့ 1000 Nits အထက်အထိကိုရှိမှာပါ။ ဒီလို HDR10+ နည်းပညာပါဝင်တာက Amazon Prime Video လိုမျိုး High Quality Video တွေ ကြည့်မယ်ဆိုရင် အရမ်းကောင်းတဲ့ Experience ကိုရရှိမှာပါ။
ဒီလိုမျိုး HDR10+ ကို Support ပြုလုပ်တာက Tablet တွေထဲမှာ ပထမဆုံးအနေဖြစ်လာတာဖြစ်ပြီးတော့ Samsung Galaxy Tab S6 ဟာ လက်ရှိ Tablet တွေထဲမှာ Multimedia အတွက်အကောင်းဆုံး Tablet တစ်ခုဖြစ်လာတယ်ဆိုရင်လည်း မမှားပါဘူး။
Samsung Galaxy Tab S6 ကို လာမယ့် သြဂုတ်လ ၂၃ ရက်နေ့မှာ $649 ( မြန်မာငွေ ၁၀ သိန်းဝန်းကျင်) နဲ့ရောင်းချသွားမှာဖြစ်ပါတယ်။
Ref – Phone Arena