Samsung က Galaxy Tab S6 Lite (2024) Edition ကို  ကြေညာလိုက်ပါတယ်။ ၂၀၂၂ ခုနှစ် မော်ဒယ်ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး မူလ ပထမ S6 Lite ကို ၂၀၂၀ ခုနှစ်မှာ ကြေညာခဲ့ပါတယ်။ အခုနောက်ဆုံးမော်ဒယ်မှာ Processor အသစ်ကို အသုံးပြုထားပါတယ်။

Samsung Galaxy Tab S6 Lite (2024) မှာ 10.6” မျက်နှာပြင် တပ်ဆင်ထားပြီး ဘေးဘောင်တွေက ထူပါတယ်။ WUXGA Resolution ထောက်ပံ့ထားပြီး S-Pen နဲ့ အသုံးပြုနိုင်ပါတယ်။ အနောက်ဘက်မှာ 8MP ကင်မရာ ၁ လုံးထဲ တပ်ဆင်ထားပြီး ဒီဇိုင်းက အရင်မျိုးဆက်တွေနဲ့ တူပါတယ်။ အရှေ့ဘက်မှာ 5MP ဆဲလ်ဖီး ကင်မရာ ပါလာပြီး AKG က Tune လုပ်ထားတဲ့ စပီကာ ၂ လုံး တပ်ဆင်ထားကာ Dolby Atmos ကို ထောက်ပံ့ပါတယ်။

Galaxy Tab S6 Lite (2024) shows up on Samsung's website

တက်ဘလက်မှာ အမည် မဖော်ပြထားတဲ့ Octa-core Processor မောင်းနှင်ထားပြီး 2.4GHz နဲ့ 2GHz Core တွေ ပါပါတယ်။ သတင်းတွေအရ ဒါဟာ Exynos 1280 ဖြစ်မယ်လို့ ပြောပါတယ်။ 4GB RAM ပါလာပြီး 64GB or 128GB Storage ထည့်သွင်းထားကာ microSD Card စိုက်နိုင်ပါတယ်။ 7,040mAh Battery ပါလာပြီး ဘက်ထရီ သက်တမ်းက ၁၄ နာရီ ဖြစ်ပါတယ်။ Android 14 အခြေပြု OneUI 6.1 မောင်းနှင်ထားပါတယ်။

Samsung Galaxy Tab S6 Lite (2024) အတွက် WiFi နဲ့ LTE Version တွေ ထုတ်လုပ်ထားပြီး Oxford Grey , Mint နဲ့ Chiffon Pink အရောင်တွေ ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gizmochina