Samsung ကုမ္ပဏီဟာ Galaxy Tab S7 နဲ့ Galaxy Tab S7+ 5G တို့ကို လာမယ့်ဇူလိုင်မှာ မိတ်ဆက်မယ်လို့ သတင်းထွက်ထားပါတယ်။ Tab S7+ 5G ကတော့ Bluetooth SIG နဲ့ Wi-Fi Alliance ပလက်ဖောင်းတွေမှာ အတည်ပြုချက် ရယူထားပြီးပါပြီ။

အခု Leak ထဲမှာတော့ Galaxy Tab S7 ဟာ ကိုယ်ထည်အချိုး 253.7 x 165.3 x 6.3mm ရှိပြီး နှိုင်းယှဉ်မယ်ဆိုရင် 11” iPad Pro 2020 ထက် ပိုကြီးပါတယ်။ ကိုယ်ထည်အချိုး 244.5 x 159.5 x 5.7mm ရှိတဲ့ Galaxy Tab S6 ထက်လည်း ကြီးမားမှာပါ။ Tab S7 ဟာ ကင်မရာရှိတဲ့နေရာမှာတော့ 7.7mm ထိ အထူရှိမှာဖြစ်ပါတယ်။

ဒီဇိုင်းပိုင်းကို ခြုံကြည့်ရင်တော့ အရင်မျိုးဆက်နဲ့ သိပ်မကွာလှဘဲ ဆဲလ်ဖီးကင်မရာလေးကလည်း Slate ပြားရဲ့ ဘယ်ဘက်မှာပဲ တွေ့ရမှာပါ။

ဒီတက်ဘလက်မှာ သတ္ထုစပ်ကိုယ်ထည်ပါဝင်လာမယ်လို့ မျှော်လင့်ရပြီး နောက်ဘက်မှာတော့ Dual-camera ကို ဘယ်ဘက်အပေါ်ထောင့်မှာ ထည့်ထားတာကို မြင်ရမှာပါ။ အောက်ဘက်ကကြည့်ရင်တော့ Speaker Grill နှစ်ခုအလည်မှာ USB-C Port လေးကို တွေ့ရမှာဖြစ်ပါတယ်။

Leak အချက်အလက်တွေအရ Galaxy Tab S7 ရဲ့ Display ဟာ 11” လက်မအရွယ်ဖြစ်ပြီး OLED Panel အသုံးပြုလာမှာပါ။ S Pen Stylus ကို နောက်ကင်မရာနဲ့ Samsung Logo ကြားထဲက အမြှောင်းလေးမှာ ကပ်ပြီး ထည့်သွင်းပေးထားမယ်လို့ ဆိုပါတယ်။

ဘက္ထရီကတော့ 7,760 mAh ဖြစ်ပြီး အခြား Specs တွေကိုတော့ မသိရသေးပါဘူး။ Galaxy Tab S7+ 5G ဗားရှင်းကတော့ 12.4” Display နဲ့လာမှာဖြစ်ပြီး ဘက္ထရီကလည်း 9,800 mAh ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာ Vanilla ဗားရှင်းနဲ့ အတူတူလောက်ပါပဲ။

Ref – GizmoChina