Samsung Galaxy Watch Series ရဲ့ နောက်ထပ် Smartwatch မျိုးဆက်သစ်ဖြစ်လာမယ့် Galaxy Watch 3 ဟာ လာမယ့်သြဂုတ်လမှာ ကျင်းပသွားမယ့် Galaxy Unpacked Event မှာ Galaxy Note 20 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အခုအချိန်မှာလည်း အဆိုပါ Galaxy Watch 3 လို့ယူဆရတဲ့ဓါတ်ပုံတွေက ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။

ယခုဓါတ်ပုံတွေအရ Galaxy Watch 3 ဟာ လက်ရှိ Galaxy Watch Series တွေနဲ့ဆင်တူတွေပြီးတော့ Galaxy Watch Active Series တွေမှာပါဝင်ခြင်းမရှိတော့တဲ့ Rotating Bezel ပြန်လည်ပါဝင်လာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ App User Interface ကလည်း လက်ရှိ Galaxy Watch တွေနဲ့ဆင်တူမှာဖြစ်ပါတယ်။

အဆိုပါ Galaxy Watch 3 ဟာ Software ပိုင်းအနေနဲ့ Tizen 5.5 OS ကို အခြေခံပြီး အသုံးပြုလာမှာဖြစ်တယ်လို့လည်း သိရပါတယ်။ Design ပိုင်းအနေနဲ့ကတော့ Size ကို 41mm နဲ့ 45mm ဆိုပြီး ၂ မျိုးထုတ်လုပ်သွားမှာဖြစ်ပြီး Model Number တွေအနေနဲ့ SM-R840 နဲ့ SM-R850 ဆိုပြီး သတ်မှတ်ထားပါတယ်။

တခြားသော Specs တွေအနေနဲ့ကတော့ Galaxy Watch 3 မှာ RAM 1GB အပြင် 8GB Storage ပါဝင်မှာဖြစ်ပြီး LTE Version ကိုပါ မိတ်ဆက်လာဖို့ရှိနေတယ်လို့ ယူဆရပါတယ်။ ဘာပဲဖြစ်ဖြစ် Samsung Galaxy Watch အသစ်ကို စောင့်ဆိုင်းနေတဲ့သူတွေအတွက်ကတော့ Galaxy Watch Active 3 အစား Galaxy Watch 3 ပဲထွက်ရှိလာမှာဖြစ်ပါတယ်။

Ref – GSM Arena