Samsung ဟာ မကြာခင်ထွက်လာမယ့် Galaxy Watch 3 အတွက် တရားဝင် Support Page ကို သူတို့ရဲ့ ကိုရီးယားဝက်ဆိုက်မှာ တင်ပြီးမှ အချိန်တိုအတွင်း ပြန်လည်ဖြုတ်ချခဲ့ပါတယ်။

အဆိုပါ Page ကနေတဆင့် သိခဲ့ရတာတော့ အသစ်ထွက်လာမယ့် Smartwatch တွေရဲ့ မော်ဒယ်နံပါတ်တွေဖြစ်ပြီး စုစုပေါင်းလေးခုဖြစ်ပါတယ်။ အဲ့ဒါတွေကတော့ 41mm အရွယ်ဖြစ်တဲ့ SM-R840NZKAK00 / SM-R840NZSAK00 နဲ့ 45MM မော်ဒယ်တွေဖြစ်တဲ့ SM-R850NZDAKOO / SM-R850NZSAKOO တို့ဖြစ်ပါတယ်။ ဒါတွေက Non-cellular ဗားရှင်းတွေ ဖြစ်ပြီး Cellular ဗားရှင်းတွေကတော့ မော်ဒယ်နံပါတ်မှာ SM-R845 နဲ့ SM-R855 ဖြင့် စမှာပါ။

ဒါပေမယ့် Galaxy Watch 3 ဟာ အရင်နေ့ကလည်း ထိုင်းနိုင်ငံ NBTC အတည်ပြုချက်ရယူထားတာကြောင့် သူ့ရဲ့ Specs အချို့ကို သိထားရပါတယ်။ Watch 3 ကို Gorilla Glass XD နဲ့ကာကွယ်ထားမှာဖြစ်ပြီး အကြမ်းခံနိုင်မှုအဆင့်မှာ MIL-STD 810G အတည်ပြုချက်ပါ ရရှိထားတာပါ။

41mm နဲ့ 45mm နှစ်မျိုးလုံးမှာ LTE ရရှိနိုင်မှာဖြစ်ပြီး မော်ဒယ်အားလုံးမှာ GPS ပါဝင်ပါတယ်။ ပုံမှန်အားဖြင့် ဒီစမတ်နာရီတွေမှာ နှလုံးခုန်နှုန်းတိုင်းတာစနစ် ပါဝင်မှာဖြစ်ပြီး ဒီတစ်ခါတော့ သွေးဖိအားနှုန်းတိုင်းတာတဲ့ စနစ်ပါ ပါဝင်လာဖို့ ရှိပါတယ်။ ဒါ့အပြင် ဈေးအနည်းငယ်ပိုပေးရနိုင်တဲ့ Titanium Edition လည်း ထွက်လာနိုင်ပါတယ်။

Samsung ဟာ လာမယ့်သြဂုတ်လ ၅ ရက်နေ့မှာ မိတ်ဆက်ပွဲတစ်ခုလုပ်မှာဖြစ်ပြီး Galaxy Note 20 စီးရီးနဲ့ Galaxy Fold 2 တို့ကို ကြေညာလာမယ်လို့ သတင်းထွက်နေပါတယ်။ Galaxy Watch 3 ကိုလည်း တစ်ခါတည်း မြင်လာနိုင်ပါတယ်။

Ref – GSMArena