ဒီနေ့ခေတ် Smart Device တွေဟာ သုံးစွဲသူတွေရဲ့ လူမှုရေး၊ စီးပွားရေးတွေအတွက် အထောက်အကူဖြစ်ရုံသာမကဘဲ တစ်ကိုယ်ရေကျန်းမာရေးအတွက်လည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေအောင် တပ်ဆင်ထုတ်လုပ်ထားကြတာကို တွေ့မြင်ရပါတယ်။

အထူးသဖြင့် စမတ်နာရီတွေဟာ အားကစားနဲ့ ကျန်းမာရေးစောင့်ကြည့်မှုတွေအတွက် အဓိကပြုလုပ်ချက်တွေ၊ ဝန်ဆောင်မှုတွေ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒီထဲမှာ လူသိအများဆုံးက Apple Watch တွေနဲ့ Samsung Galaxy Watch တွေဆိုရင် မမှားပါဘူး။ Samsung Galaxy Watch Active2 ဆိုရင်လည်း ECG ဖတ်ဖို့အတွက် လိုအပ်တဲ့ Hardware တွေ အားလုံးပါရှိနေပြီး ဖြစ်ပါတယ်။

ဒါပေမယ့် စမတ်နာရီတွေမှာ ဒီလိုဝန်ဆောင်မှုပေးနိုင်မယ့် အစိတ်အပိုင်းတွေထည့်သွင်းနိုင်ဖို့ ကမ္ဘာအနှံ့က အုပ်ချုပ်ရေးအဖွဲ့တွေဆီက ခွင့်ပြုချက်ကို ရယူဖို့လိုအပ်ပါတယ်။ Samsung ရဲ့ နောက်ဆုံးပေါ် စမတ်နာရီဟာ တောင်ကိုရီးယား စားနပ်ရိက္ခာနဲ့ ဆေးဝါးအန္တရာယ်ကင်းရှင်းရေ: ဝန်ကြီးဌာနရဲ့ ခွင့်ပြုမှုကို ရရှိသွားပြီ ဖြစ်ပါတယ်။

တရားဝင်ဘလော့ဂ်ရဲ့ ဖော်ပြချက်အရ Galaxy Watch Active2 ဟာ နောက်ဆုံးမှာတော့ အမိနိုင်ငံတော်ရဲ့ ECG-certified ကို ရရှိသွားပြီလို့ သိရပါတယ်။ ဒါ့အပြင် ဒီအတွက် လာမယ့် ၂၀၂၀ တတိယသုံးလပတ်အတွင်းမှာ အဆင့်မြှင့်တင်မှုတွေ စတင်လုပ်ဆောင်တော့မယ်လို့လည်း သိရပါတယ်။

Samsung အနေနဲ့ ECG-certified ကို တောင်ကိုရီးယားမှာ ရရှိခဲ့တယ်ဆိုပေမယ့် အမေရိကန်၊ ဥရောပနဲ့ အာရှတိုက်ရဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေ:အဖွဲ့တွေမှာ ခွင့်ပြုချက်ရဖို့ တောင်းခံထားဆဲဖြစ်တယ်လို့ သိရပါတယ်။

Ref: GSM Arena