Samsung ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက Galaxy Note 20 Series ဖုန်းတွေနဲ့အတူ Galaxy Watch 3 Smartwatch နဲ့ Buds Live ဆိုပြီး နာမည်ပေးထားတဲ့ True Wireless Earbuds တွေကိုပါ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းအရတော့ အဆိုပါ Galaxy Watch 3 နဲ့ Buds Live တွေက ယခင်ထက် သိသိသာသာကို ရောင်းအားကောင်းနေခဲ့တယ်လို့ သိရပါတယ်။

ယခုသတင်းကိုတော့ Korean Agency Yonhap News ကနေ ဖော်ပြခဲ့တာဖြစ်ပြီး စစခြင်းရောင်းချတဲ့ ရက်သတ္တပတ်မှာတင် အဆိုပါ Watch 3 နဲ့ Buds Live တွေရဲ့ ရောင်းအားက ယခင် Generation ထက် ၃ ဆ ပိုများနေခဲ့တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ Note 20 ဖုန်းတွေမှာ စတင်အသုံးပြုလာတဲ့ Mystic Bronze ဟာ Buds Live မှာ လူကြိုက်အများဆုံးအရောင်ဖြစ်ပြီး ဝယ်ယူသူတွေရဲ့ ထက်ဝက်က Mystic Bronze ကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

Galaxy Buds Live အနေနဲ့ကတော့ စတင်ရောင်းချတဲ့အချိန်ကနေ ယခု ၂ ပတ်အတွင်းမှာ အလုံးရေ ၃ သိန်းခန့်ရောင်းချခဲ့ရပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါကလည်း Design ပိုင်းအရ ပုံမှန် TWS Earbuds တွေကနေ ကွဲထွက်နေတဲ့အပြင် Active Noise Cancellation (ANC) လိုမျိုး Feature တွေလည်း ပါဝင်နေတာကြောင့်ဖြစ်မယ်လို့ ယူဆရပါတယ်။

Galaxy Watch 3 အနေနဲ့ကတော့ စုစုပေါင်း အလုံးရေ ၆၀,၀၀၀ အထိ ရောင်းချထားခဲ့ရပြီးတော့ ယခင် Galaxy Watch 2 ထက် ၃ ဆပိုများနေတာဖြစ်ပါတယ်။ စစခြင်းရောင်းချတဲ့နေ့မှာတင် အလုံးရေ ၇,၀၀၀ ကျော်ရောင်းချရတဲ့အတွက် Galaxy Watch တွေထဲမှာ စံချိန်တင်ရောင်းချခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

ယခုရောင်းအားတွေဟာ တောင်ကိုရီးယားတစ်နိုင်ငံထဲမှာဖြစ်တဲ့အတွက် တကမ္ဘာလုံးမှာပိုပြီး ရောင်းအားကောင်းမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena