အမေရိကန် FDA က  Samsung Galaxy Watch3 ရဲ့ ECG ကို ခွင့်ပြုပေးလိုက်ပြီလို့ သိရပါတယ်။ ECG လုပ်ဆောင်ချက် ပါတဲ့ Firmware Update ကို အမေရိကန်က သုံးစွဲသူတွေမှာ စတင်ရရှိနေပြီဖြစ်ပါတယ်။

စမတ်နာရီက ECG Monitor ဟာ အဓိက လုပ်ဆောင်ချက်တွေထဲက ၁ ခု ဖြစ်ပြီး Apple Watch နဲ့ Galaxy Watch Active2 တို့မှာလည်း အဲဒီ လုပ်ဆောင်ချက် ပါပါတယ်။ ဒါပေမယ့် နိုင်ငံအနည်းငယ်မှာပဲ အဲဒီ လုပ်ဆောင်ချက်ကို အသုံးချခွင့်ရသေးတာက ဝမ်းနည်းစရာ ဖြစ်ပါတယ်။ လက်ရှိမှာ တောင်ကိုရီးယားနဲ့ အမေရိကန်မှာပဲ ECG Monitor ကို ခွင့်ပြုပေးထားပါသေးတယ်။

ဒါ့အပြင် အဲဒီ Firmware Update မှာ VO2 Max တိုင်းတာတာ ပါတဲ့အတွက် အားကစားပြုလုပ်နေချိန်နဲ့ နားနေချိန်တွေမှာ သွေးတွင်း အောက်ဆီဂျင် အမြင့်ဆုံး ပမာဏကို တွက်ချက်ပေးနိုင်ပြီး Sleep Score အသစ် ထည့်သွင်းထားပါတယ်။ Advanced Running Analysis လုပ်ဆောင်ချက်က သင် အပြေးလေ့ကျင့်တဲ့ သတင်းအချက်အလက်တွေကို တွက်ချက်ပေးပြီး ပိုတိုးတက်အောင် အကြံပေးနိုင်ပါတယ်။

Ref : gsmarena