မကြာခင်ကမှ ကြေညာထားတဲ့ Samsung Galaxy Watch3 အတွက် ပထမဆုံး Software Update ကို ဖြန့်ချိပေးလိုက်ပါတယ်။ VO2 Max နဲ့ သွေးတွင်းအောက်ဆီဂျင် တိုင်းတာပေးတဲ့ လုပ်ဆောင်ချက်တွေ ပါလာပြီး ဒုတိယ လုပ်ဆောင်ချက်ကို Algeria, Angola, Canada, France, Iran, Japan, Libya, South Africa နဲ့ Thailand စတဲ့ နိုင်ငံ ၉ ခုမှာ မရပါဘူး။

Firmware အသစ်ဟာ 80MB အရွယ်အစား ရှိပြီး Advanced Running Analysis က သင် ပြေးတာကို တိုးတက်အောင် ကူညီပေးနိုင်သလို Sleep Score က သင့် အိပ်စက်တဲ့ အမူအကျင့်ကို ပြောပြပေးနိုင်ပါတယ်။ Electrocardiogram (ECG) ပါတဲ့အတွက် နှလုံးခုန်နှုန်း တိုင်းတာပေးနိုင်ပေမယ့် သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ခွင့်ပြုချက်လိုအပ်တဲ့အတွက် သုံးလို့ မရသေးပါဘူး။

လက်ရှိမှာ ကိုဗစ်-၁၉ ကို တိုက်ဖျက်နေရတာကြောင့် နိုင်ငံများစွာမှာ အလုပ်များနေကြတဲ့အတွက် ECG နဲ့ သွေးတွင်းအောက်ဆီဂျင် ပမာဏ တိုင်းတာတာကို Galaxy Watch3 မှာ ခွင့်ပြုချက်ရဖို့ အချိန်စောင့်ရဦးမယ်လို့ ထင်ပါတယ်။

Galaxy Watch3 မှာ Exynos 9110 SoC နဲ့ Tizen OS 5.5 ပါလာပြီး Super AMOLED မျက်နှာပြင် တပ်ဆင်ထားပါတယ်။ ၄၁ နဲ့ ၄၅ မီလီမီတာ အရွယ်အစား ၂ မျိုး ထုတ်လုပ်ပေးထားပြီး ၁.၂ လက်မနဲ့ ၁.၄ လက်မ မျက်နှာပြင်တွေ အသီးသီး ပါလာပါတယ်။

Ref : gsmarena