Samsung က Galaxy Watch3 အမည်ရ စမတ်နာရီ အသစ် ၁ လုံးကို ဖန်တီးနေပါတယ်။ အဲဒီ စမတ်နာရီရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပြီး ဆယ်လူလာနဲ့ ဝိုင်ဖိုင် မော်ဒယ် ၂ မျိုးစလုံးအတွက်  ၄၁ မီလီမီတာနဲ့ ၄၅ မီလီမီတာ ၂ မျိုး ထုတ်လုပ်ထားမယ်လို့ သိရပါတယ်။

အခုတော့ Watch3 ရဲ့ ဓါတ်ပုံတွေ တောင်ကိုရီးယားရဲ့ NRRA Certification Agency ကနေ ထွက်ပေါ်လာပြီး အရွယ်အစား ၂ မျိုးစလုံးကို မြင်ရပါတယ်။ ၄၁ မီလီမီတာရဲ့ မော်ဒယ်နံပါတ်ဟာ SM-R840 နဲ့ ၄၅ မီလီမီတာရဲ့ မော်ဒယ်နံပါတ်ဟာ SM-R850 ဖြစ်ပါတယ်။ ဓါတ်ပုံအရ မျက်နှာပြင်ဘေးဘောင်တွေဟာ အရင်မျိုးဆက် Galaxy Watches တွေထက် ပါးလွှာပြီး Physical Rotating Bezel တပ်ဆင်ထားပါတယ်။

Watch3 ရဲ့ အရွယ်သေး မော်ဒယ်မှာ ၁.၂ လက်မ မျက်နှာပြင်နဲ့ အရွယ်ကြီး မော်ဒယ်မှာ ၁.၆ လက်မ မျက်နှာပြင် ထည့်သွင်းထားမယ်လို့ မကြာခင်က သတင်းထွက်လာပါတယ်။ မော်ဒယ် ၂ ခုစလုံးဟာ IP68 စံနှုန်း ရှိပြီး 1GB RAM နဲ့ 8GB Storage ပါလာမှာ ဖြစ်ပါတယ်။ Tizen OS 5.5 မောင်းနှင်ထားမှာပါ။ ဇူလိုင်လမှာ Galaxy Watch3 ကို Samsung Buds Live TWS Earphones နဲ့အတူ ကြေညာနိုင်ပါတယ်။

Ref : gsmarena