Samsung Galaxy Watch3 ရဲ့ ဓါတ်ပုံတွေ NCC ကနေ ထွက်ပေါ်လာပြီး ငွေရောင်ကိုယ်ထည်နဲ့ သားရေ လက်ပတ်ကြိုးကို တွေ့ရပါတယ်။ အရင်သတင်းတွေအရ စမတ်နာရီ ကိုယ်ထည်ကို Stainless Steel နဲ့ တည်ဆောက်ထားပြီး ငွေ၊ အနက်နဲ့ ကြေးနီရောင်တွေ ထုတ်လုပ်ထားမယ်လို့ သိရပါတယ်။ တိုက်တေနီယမ် မော်ဒယ်လည်း ထွက်လာနိုင်ပါတယ်။ ၄၁ မီလီမီတာနဲ့ ၄၅ မီလီမီတာ ၂ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပြီး ၁.၂ လက်မနဲ့ ၁.၄ လက်မ မျက်နှာပြင်၊ 247mAh နဲ့ 340mAh ဘက်ထရီတွေ အသီးသီး ထည့်သွင်းထားနိုင်ပါတယ်။

Wireless Charger ဓါတ်ပုံကိုလည်း မြင်ရပြီး 5W ထောက်ပံ့ပေးနိုင်ပါတယ်။ Rotating Bezel ကို Samsung က ပြန်သုံးထားပါတယ်။ စမတ်နာရီအတွက် LTE နဲ့ WiFi ၂ မျိုး ထုတ်လုပ်ထားနိုင်ပြီး ECG Sensor နဲ့ သွေးဖိအား တိုင်းတာပေးနိုင်ပါတယ်။ တချို့နိုင်ငံတွေမှာ ECG Sensor မပါလာနိုင်ပါဘူး။

နာမည်ကျော် Leakster ၁ ယောက် ဖြစ်တဲ့ Evan Blass က Watch Faces မျိုးစုံနဲ့ Widgets များစွာကို ပြသခဲ့ပြီးပါပြီ။ ပေါက်ကြားခဲ့တဲ့ ဗီဒီယို ၁ ခုအရ Messages စစ်တာ၊ ဖုန်းဝင်လာရင် ဖြေတာနဲ့ Music Player တို့ကို အသုံးပြုနိုင်မှာပါ။

Galaxy Watch3 ကို ဩဂုတ်လ ၅ ရက်နေ့ကျင်းပမယ့် Galaxy Unpacked Event မှာ ကြေညာမယ်လို့ ထင်ရပြီး အဲဒီပွဲမှာ Galaxy Note20 Series နဲ့ Foldable ဖုန်း အသစ် ၂ လုံးကိုပါ ချပြနိုင်ပါတယ်။

Ref : gsmarena