Samsung Galaxy Watch3 နဲ့ပတ်သက်တဲ့သတင်းတွေက ပြီးခဲ့တဲ့ ဇွန်လဆန်းကတည်းက စပြီးထွက်ပေါ်နေတာပါ။ ဇွန်လဆန်းမှာ NBTC အတည်ပြုချက်ရခဲ့ပြီး ဇွန်လလယ်ကျော်သွားချိန်မှာတော့ ဓါတ်ပုံတွေထွက်လာပါတယ်။

ဇွန်လရဲ့ တတိယပတ်ကုန်ဆုံးကာနီးမှာ Bluetooth Certification ရရှိခဲ့ပြီး၊ အခု ဇူလိုင်လဆန်းမှာတော့ Galaxy Watch3 ရဲ့ မျိုးကွဲတွေအကြောင်းနဲ့ ဈေးနှုန်းတွေ ထွက်ပေါ်လာခဲ့တာကို တွေ့ရပါတယ်။ ဒီပေါက်ကြားမှုဟာ Evan Blass ဆီက ထွက်ပေါ်လာတာကြောင့် ရာနှုန်းပြည့်နီးပါး ယုံကြည်ရတယ်လို့ ဆိုနိုင်ပါတယ်။

45mm မော်ဒယ် Galaxy Watch3 ဟာ အမျိုးအစားကွဲပေါင်း ၅ မျိုးရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် အသေးစိတ်ဆိုရရင်တော့ ကိုးမျိုးလို ဖြစ်သွားပါတယ်။ အနက်ရောင်တိုက်တေနီယံနဲ့ အမျိုးအစားက Bluetooth only လို့ သိရပါတယ်။ Stainless steel ကလည်း Bluetooth သီးသန့်ဗားရှင်းပါပဲ။ အခြား 45mm ဗားရှင်းတွေကတော့ 45mm Black Stainless steel BT, 45mm Silver SS BT, 45mm Silver SS LTE တို့ပဲ ဖြစ်ပါတယ်။

41mm အမျိုးအစားထဲမှာတော့ 41mm Silver SS BT, 41mm Silver SS LTE, 41mm ronze/Gold SS BT, 41mm Bronze/Gold SS LTE စတာတွေပဲ ဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ အတိအကျမဟုတ်ပေမယ့် $400 ကနေ $600 ( ၅ သိန်း ၄ သောင်းခွဲကနေ ၈ သိန်း ၂ သောင်းဝန်းကျင်) ကြားရှိမယ်လို့ ဆိုပါတယ်။ LTE နဲ့ တိုက်တေနီယံ မော်ဒယ်တွေကတော့ ဈေးပိုများဖွယ်ရှိပြီး 41mm နဲ့ Bluetooth only အမျိုးအစားတွေကတော့ $400 ဝန်းကျင်ပဲရှိမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena