Samsung ဟာ နောက်ထွက်မယ့် Samsung Galaxy Watch4 နဲ့ Watch4 Classic စမတ်နာရီတွေအတွက် Tizen အစား Google Wear OS ထည့်သွင်းပေးထားမယ်လို့ သတင်းထွက်နေပါတယ်။ Google Wear OS အခြေပြု Samsung One UI ပါလာမယ်လို့ သိရပါတယ်။ ဒါပေမယ့် Galaxy Watch3 ရဲ့ Interface နဲ့ မတူဘဲ လုံးဝ ပြောင်းလဲသွားမှာဖြစ်ပြီး ပေါက်ကြားလာတဲ့ Promo ဗီဒီယိုတွေကို အောက်မှာ လေ့လာကြည့်ပါ။

ဗီဒီယို အဆုံးနားမှာ Tizen OS မှာမပါတဲ့ Google Maps ကို ထည့်သွင်းထားတာ မြင်ရပါတယ်။ ဒါတင်မကသေးပါဘူး။ Play Store ပါလာတာကို တွေ့ရပြီး Launcher မှာ App တွေ နေရာချထားတဲ့ ပုံစံကို လေ့လာနိုင်ပါတယ်။ Tizen OS မှာလို စက်ဝိုင်းပုံ နေရာချထားတာ မဟုတ်ဘဲ အနား ၆ ခုပါတဲ့ Hexagonal Grid ပုံစံ ဖြစ်ပါတယ်။ Wear OS အခြေပြု One UI ရဲ့ အလုပ်လုပ်ပုံဟာ Tizen UI နဲ့ လုံးဝ ကွဲပြားသွားနိုင်ပါတယ်။

Exclusive: Here Is The Stunning Samsung Galaxy Watch 4 Classic

ဗီဒီယိုမှာ နောက်ထပ်တွေ့ရတာက GPS အခြေပြု တည်နေရာ ခြေရာခံတာ၊ ခြေလှမ်း မှတ်သားတာနဲ့ အိပ်စက်မှု အခြေအနေကို တွက်ချက်တာတွေ ဖြစ်ပါတယ်။ Samsung App အားလုံးကို Google App တွေနဲ့ အစားထိုးမှာတော့ မဟုတ်ဘဲ Samsung Health နဲ့ Bixby Icon တွေကို တွေ့ရပါတယ်။

Samsung Galaxy Watch4 နဲ့ Watch4 Classic ကို Foldable Galaxy ဖုန်း အသစ်တွေနဲ့အတူ ဩဂုတ်လ ၁၁ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ စမတ်နာရီတွေမှာ Exynos W920 Chipset အသစ် မောင်းနှင်ထားမှာ ဖြစ်တယ်လို့ သတင်းပေါက်ကြားနေပါတယ်။ Amazon ကနေဒါ စတိုးမှာ အဲဒီ စမတ်နာရီတွေရဲ့ ဈေးနှုန်းတွေကို တင်ထားတာတွေ့ရပါတယ်။

Ref : gsmarena