Samsung ဟာ မကြာခင်မှာ Galaxy Watch4 Series Smartwatch တွေကို မိတ်ဆက်တော့မှာဖြစ်ပြီး အဆိုပါ Smartwatch တွေထဲမှာ Watch4 Classic ကိုပါ မိတ်ဆက်လာမှာဖြစ်ပါတယ်။ Galaxy Watch4 Classic ဟာ ပုံမှန် Watch4 နဲ့ Watch4 Active Smartwatch တွေထက် ပုံမှန်နာရီတစ်လုံးနဲ့ ပိုပြီး Design ဆင်တူမယ်လို့ ယူဆရပါတယ်။

အဆိုပါ Galaxy Watch4 Classic ရဲ့ Design Render တွေကလည်း ပေါက်ကြားလာပြီဖြစ်ပါတယ်။ Design ပိုင်းအရတော့ တကယ် Classic ဆိုတဲ့အတိုင်း ရိုးရှင်းနေသလို ဘေးဘောင်ကိုလည်း Rotate ပြုလုပ်နိုင်မယ်လို့သိရပါတယ်။ Button တွေအနေနဲ့လည်း ညာဘက်ခြမ်းမှာ ၂ ခုထည့်ပေးထားတာကိုတွေ့ရပါတယ်။

Galaxy Watch4 Classic ဟာ Google ရဲ့ Wear OS အသစ်ကို အခြေခံထားတဲ့ One UI Version အသစ်ကို အသုံးပြုလာမှာဖြစ်ပြီး Classic Version အတွက် Skin လည်း သီးသန့်ထုတ်ပေးထားမယ်လို့ သိရပါတယ်။ Size တွေအနေနဲ့ကတော့ 42mm ၊ 44mm နဲ့ 46mm ဆိုပြီး ၃ မျိုးမိတ်ဆက်လာမယ့်အပြင် အရောင်တွေအနေနဲ့လည်း White ၊ Gray နဲ့ Black ဆိုပြီး ၃ မျိုးထွက်ရှိလာမှာဖြစ်ပါတယ်။

Samsung ဟာ Galaxy Watch4 Series အပါအဝင် တခြားသော Device တွေကို လာမယ့် ဩဂုတ်လမှာ ပြုလုပ်သွားမယ့် Galaxy Unpacked Event မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှပဲ ဒီ Galaxy Watch4 Series အသစ်တွေအကြောင်းကို အသေးစိတ်သိရှိရမှာပါ။

Ref – GSM Arena