Samsung ကနေ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ပြုလုပ်သွားခဲ့တဲ့ Galaxy Unpacked Event မှာ Foldable ဖုန်းအသစ်တွေတင်မဟုတ်ဘဲ Smartwatch အသစ်ဖြစ်တဲ့ Galaxy Watch4 နဲ့ Watch4 Classic တွေကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ Smartwatch အသစ်တွေဟာ Samsung အတွက် Google နဲ့ ပူးပေါင်းပြီး Wear OS 3 ကို အသုံးပြုလာတဲ့ Smartwatch တွေလည်း ဖြစ်ပါတယ်။

ဒီလိုမျိုး Galaxy Watch4 Series Smartwatch တွေဟာ Google ရဲ့ Wear OS 3 ကို ပြောင်းလဲအသုံးပြုထားတဲ့အတွက် အခုအချိန်မှာ အားနည်းချက်တစ်ခုကို တွေ့ရှိရပြီဖြစ်ပါတယ်။ ဒါကတော့ Samsung Galaxy Watch4 Series ကို စတင် Activate ပြုလုပ်သုံးစွဲဖို့အတွက် Google Mobile Services ပါဝင်တဲ့ Android ဖုန်း လိုအပ်မှာပဲဖြစ်ပါတယ်။

အဲ့ဒါကြောင့် Galaxy Watch4 Series ကို စတင်အသုံးပြုချင်တယ်ဆိုရင် iOS Device တွေနဲ့ Google Mobile Services ပါဝင်ခြင်းမရှိတဲ့ Huawei နဲ့ Xiaomi လိုမျိုး ဖုန်းတွေမှာ အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ ဒါက ယခင် Samsung Galaxy Watch Series Smartwatch တွေနဲ့ ယှဥ်ရင် သိသိသာသာပြောင်းလဲသွားတဲ့အချက်ဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Samsung Galaxy Watch4 Series ကို အသုံးပြုဖို့အတွက် ကိုယ့်ရဲ့ Android ဖုန်းဟာ Android 6.0 အထက်ရှိဖို့လိုအပ်ပြီး အနည်းဆုံး RAM 1.5GB ရှိရမှာဖြစ်ပါတယ်။ ယခင် Galaxy Watch Series Smartwatch တွေတုန်းက iOS Device တွေမှာပါ အသုံးပြုနိုင်ပေမယ့် အခုအချိန်မှာတော့ Android Device တွေမှာပဲ အသုံးပြုနိုင်တာကလည်း အားနည်းချက်တစ်ခုဖြစ်လာနိုင်ပါတယ်။

သိရှိရသလောက်ကတော့ အခုလိုမျိုး ကန့်သတ်ချက်တွေဟာ Samsung ဘက်ကနေ ကန့်သတ်ထားတာမဟုတ်ဘဲ Google Wear OS 3 ကြောင့် ဖြစ်ပြီး နောက်ပိုင်းထွက်ရှိလာမယ့် Wear OS 3 ကို အသုံးပြုထားတဲ့ Smartwatch တွေလည်း အလားတူ ကန့်သတ်ချက်တွေရှိလာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena