Samsung ဟာ မေလမှာ Samsung Galaxy Watch4 နဲ့ Watch4 Classic အတွက် One UI Watch Beta ကို ကြေညာခဲ့ပြီး အဲဒီ စမတ်နာရီတွေအတွက် One UI Watch 4.5 Beta Build ၂ ခုကို ဖြန့်ချိပေးခဲ့ပါတယ်။ အခုတော့ တတိယမြောက် One UI Watch 4.5 Beta ကို ထုတ်လုပ်ပေးလိုက်ပါပြီ။

Samsung Galaxy Watch 4 v Watch 3: the big differences revealed - Ultimatepocket

တတိယမြောက် Beta မှာ Bug တွေကို ပြင်ဆင်ပေးထားပြီး လုပ်ဆောင်ချက်တွေကို တိုးတက်အောင်ပြုလုပ်ပေးထားပါတယ်။ Watchface GUI ပိုမို ကောင်းမွန်လာပြီး Wear Detection တိကျမှု ပိုမို တိုးတက်လာပါတယ်။ အောက်ပါ Changelog မှာ ပြောင်းလဲမှု အသေးစိတ်ကို လေ့လာနိုင်ပါတယ်။

One UI Watch 4.5 Beta ရဲ့ ဖိုင် အရွယ်အစားက 250MB ရှိပြီး အမေရိကန်မှာ စတင် ဖြန့်ချိပေးနေပါပြီ။ သင်ဟာ Beta Program မှာ စာရင်းပေးသွင်းထားပြီး Update ကို မရသေးဘူးဆိုရင် Galaxy Wearable> Galaxy Watch4> Watch4 Settings> Watch Software Update မှာ Update ရပြီလားဆိုတာ စစ်ဆေးနိုင်ပါတယ်။

Ref : gsmarena