Samsung ဟာ သြဂုတ်လမှာ Galaxy Watch Series တွေကို Refresh ပြုလုပ်လေ့ရှိပါတယ်။ အခုလည်း မကြာခင်ကြေညာတော့မဲ့ Galaxy Watch တွေအတွက် ပြင်ဆင်နေတာဖြစ်ပြီး 91Mobiles နဲ့ Evan Blass ဒီ Watch တွေရဲ့ အသေးစိတ် Renders တွေကို ဝေမျှလာပြီ ဖြစ်ပါတယ်။

Galaxy Watch5 နဲ့ Watch5 Pro တို့ရဲ့  အသေးစိတ်ကြည့်နိုင်တဲ့ Renders ရုပ်ပုံတွေက သတင်းအချက်အလက်အချို့ကိုလည်း ယူဆောင်လာတယ်လို့ ဆိုနိုင်ပါတယ်။ Watch5 Pro ဟာ ပြီးခဲ့တဲ့နှစ် Galaxy Watch4 Classic ရဲ့ ဆက်ခံသူအဖြစ် သတ်မှတ်ခံထားရပြီး LTE နဲ့ Bluetooth သီးသန့်ဗားရှင်းတွေမှာ အနက်ရောင် ဒါမှမဟုတ် မီးခိုးရောင်တိုက်တေနီယမ်အရောင်တွေနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Watch4 ကို သူ့ရဲ့ 44m အရွယ်အစားနဲ့ ပြသထားပေမဲ့ 45mm အရွယ်အစားလည်း ရရှိနိုင်ပါတယ်။ ဒါ့အပြင် စတင်ရောင်းချချိန်မှာ သေးငယ်တဲ့ဗားရှင်းအဖြစ် 40mm အရွယ်အစားကိုလည်း မျှော်လင့်နိုင်တယ်လို့ ဆိုပါတယ်။ Watch5 ကို အနက်ရောင်၊ အပြာနဲ့ အဖြူရောင်ဆိုပြီး အရောင်သုံးမျိုးရွေးချယ်နိုင်တယ်လို့လည်း သိရပါတယ်။

နာရီနှစ်မျိုးစလုံးရဲ့ကျောဘက်မှာ Sapphire Crystal မျက်နှာပြင်တွေဖြစ်တယ်လို့ အတည်ပြုနိုင်ပြီး 5ATM ရေစိုခံနိုင်မှုနဲ့ Onboard GPS တို့ကိုလည်း တွေ့မြင်နိုင်ပါတယ်။ ဘေးဘက်မှာတော့ ခလုတ်နှစ်ခုအပြင် မိုက်ခရိုဖုန်းတစ်ခုလည်း ပါရှိပါသေးတယ်။ နာရီနှစ်ခုစလုံးဟာ One UI Watch 4.5 နဲ့ Google wearOS 3.5 ကို စတင်မောင်းနှင်ထားမယ်လို့လည်း သိရပါတယ်။

Galaxy Watch5 စီးရီးကို Samsung ရဲ့ Unpacked ပွဲမှာ Galaxy Z Fold နဲ့ Z Flip foldable တွေအပြင် Galaxy Pro ကြိုးမဲ့နားကြပ်အသစ်တွေနဲ့အတူ မိတ်ဆက်ဖွယ်ရှိနေပါတယ်။

Ref: GSM Arena