Samsung ရဲ့ Galaxy XCover 6 Pro ကို တရားဝင်မိတ်ဆက်ပွဲထုတ်ဖို့က ရက်သတ္တပတ်အနည်းငယ်ပဲ လိုတော့တာပါ။ အခုတော့ လုံးဝကို အကြမ်းကြီးသုံးချင်တဲ့သူတွေအတွက် သင့်တော်တဲ့ဒီဖုန်းရဲ့ Specs နဲ့ Render တွေက အွန်လိုင်းပေါ်ပေါက်ကြားလာပါပြီ။

Renders တွေအရ ဖုန်းဟာ Water-resistance and rugged nature အပြင်Top Key နဲ့ အခြား Connectivity features တွေ ထောက်ပံ့ထားကြောင်း သိနိုင်ပါတယ်။ ဒါ့အပြင် Galaxy XCover 6 Pro ဟာ ကျောဘက်မှာ အသုံးပြုသူကိုယ်တိုင် ဖြုတ်နိုင်၊ တပ်နိုင်တဲ့ ဘက်ထရီအကန့်လည်း ပါရှိတာကို တွေ့မြင်နိုင်ပါတယ်။

ကနဦး Renders တွေမှာ တွေ့မြင်ရတဲ့အတိုင်း Galaxy XCover 6 Pro မှာ ကျောဘက် Ridged ဒီဇိုင်း၊ ကင်မရာတွေနားမှာ Red elements တွေပါဝင်တဲ့ ဒီဇိုင်းပဲ ဖြစ်ပါတယ်။ မျက်နှာပြင်မှာ တော့ Infinity-V notch ကို တွေ့မြင်နိုင်ပါတယ်။ မျက်နှာပြင် ထိခိုက်မှုကို အထိုက်အလျောက်ကာကွယ်နိုင်ဖို့အတွက် Bezels တွေကတော့ အနည်းငယ်မြင့်နေတဲ့ဒီဇိုင်းပါ။

Galxy XCover 6 Pro ရဲ့ Hardware နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကတော့ မျှော်လင့်ထားတဲ့ IP68 rugged, MIL-STD-810H-certified နဲ့ Gorilla Glass Victus+ screen protection စတာတွေ ဖြစ်ပါတယ်။ 6.6-inch မျက်နှာပြင်ဟာ FHD+ resolution နဲ့ 120Hz refresh rate ရှိပါတယ်။ ဘက်ထရီကတော့ 4,050mAh ဖြစ်ပြီး 6GB of RAM နဲ့ 128GB storage တို့ကို ထောက်ပံ့ထားသလို microSD နဲ့လည်း ထပ်ပြီးတိုးချဲ့နိုင်မှာ ဖြစ်ပါတယ်။

အခြား Feature တွေကတော့Type-C USB 3.2 connector, 3.5mm headphone port, 5G, Wi-Fi 6E, Bluetooth 5.2, NFC, GPS, GLONASS, Galileo, Beidou, QZSS, Samsung Knox security, Android 12 စတာတွေပဲ ဖြစ်ပါတယ်။ 50MP autofocus အဓိကကင်မရာနဲ့ 8MP ultra-wide sensor ကို တွဲဖက်ပေးထားပြီး Selfie ကတော့ 13MP camera ဖြစ်ပါတယ်။ Galaxy XCover 6 Pro ကို ဇူလိုင်လ ၁၃ ရက်နေ့မှာ တရားဝင်ကြေညာသွားမှာဖြစ်ပြီး ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။

Ref: sammobile