[Unicode]

Samsung က အကြမ်းခံတဲ့ Galaxy XCover Pro ကို ချပြလိုက်ပါပြီ။ ရေစိုခံနိုင်ပြီး တုန်ခါမှုဒဏ်ခံနိုင်ပါတယ်။ အမြင့် ၁.၅ မီတာကနေ ပြုတ်ကျတာကို မမှုပါဘူး။ IP69 နဲ့ MIL-STD-810G စံနှုန်းတွေ ရထားပါတယ်။  ဓါတ်မီးဖွင့်တာလို အလုပ်တွေကို လျှင်မြန်စွာ လုပ်ပေးနိုင်ဖိုခလုတ် ၂ ခု ထည့်ထားပါတယ်။ ဖုန်းရေစိုနေတဲ့ အချိန်မှာတောင် မျက်နှာပြင်ကို လက်နဲ့ ထိတွေ့ သုံးနိုင်သလို လက်အိတ်နဲ့ သုံးလည်း အိုကေပါတယ်။  

အဲဒီဖုန်းကို လုပ်ငန်းခွင်မှာ သုံးဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး Barcodes တွေ စကင်ဖတ်တာကနေ ငွေပေးချေတာတွေအထိ အသုံးဝင်ပါတယ်။ Samsung ရဲ့ KNOX လုံခြုံရေး နည်းပညာ ပါပါတယ်။ Exynos 9611 SoC , 4GB RAM , 512GB Storage နဲ့ Android 9 Pie တွေ ထည့်ထားပါတယ်။ ၆.၃ လက်မ 20:9 FHD+ LCD မျက်နှာပြင် ပါလာပြီး 13MP ဆဲလ်ဖီး ကင်မရာကို ဘယ်ဘက်ထိပ်က Punch-hole မှာ တပ်ဆင်ထားပါတယ်။  

အနောက်ဘက်မှာ 25MP Main နဲ့ 8MP Ultra Wide ကင်မရာတွေ ထည့်သွင်းထားပြီး ညာဘက်မှာ လက်ဗွေရာ ကိရိယာကို ပါဝါ ခလုတ်အောက်မှာ မြှပ်နှံထားပါတယ်။ 4,050mAh ဘက်ထရီ တပ်ဆင်ထားပြီး USB-C Port ကနေ 15W နှုန်းနဲ့ အားသွင်းနိုင်ပါတယ်။ ဒီလ ၃၁ ရက်နေ့မှာ ၅၀၀ ယူရိုနဲ့ ရောင်းမှာဖြစ်ပြီး ဖင်လန်ဟာ အစောဆုံး ဝယ်ယူနိုင်မှာပါ။ မြန်မာငွေနဲ့တွက်ရင် ၈ သိန်းလောက် ကျသင့်မှာပါ။  

Ref : gsmarena  

[Zawgyi]

IP69 စံႏႈန္းပါၿပီး အၾကမ္းခံတဲ့ Samsung Galaxy XCover Pro ကို ေၾကညာၿပီ

Samsung က အၾကမ္းခံတဲ့ Galaxy XCover Pro ကို ခ်ျပလိုက္ပါၿပီ။ ေရစိုခံႏိုင္ၿပီး တုန္ခါမႈဒဏ္ခံႏိုင္ပါတယ္။ အျမင့္ ၁.၅ မီတာကေန ျပဳတ္က်တာကို မမႈပါဘူး။ IP69 နဲ႔ MIL-STD-810G စံႏႈန္းေတြ ရထားပါတယ္။ ဓါတ္မီးဖြင့္တာလို အလုပ္ေတြကို လွ်င္ျမန္စြာ လုပ္ေပးႏိုင္ဖို႔ ခလုတ္ ၂ ခု ထည့္ထားပါတယ္။ ဖုန္းေရစိုေနတဲ့ အခ်ိန္မွာေတာင္ မ်က္ႏွာျပင္ကို လက္နဲ႔ ထိေတြ႕ သုံးႏိုင္သလို လက္အိတ္နဲ႔ သုံးလည္း အိုေကပါတယ္။

အဲဒီဖုန္းကို လုပ္ငန္းခြင္မွာ သုံးဖို႔ ဒီဇိုင္းထုတ္ထားတာ ျဖစ္ၿပီး Barcodes ေတြ စကင္ဖတ္တာကေန ေငြေပးေခ်တာေတြအထိ အသုံးဝင္ပါတယ္။ Samsung ရဲ႕ KNOX လုံၿခဳံေရး နည္းပညာ ပါပါတယ္။ Exynos 9611 SoC , 4GB RAM , 512GB Storage နဲ႔ Android 9 Pie ေတြ ထည့္ထားပါတယ္။ ၆.၃ လက္မ 20:9 FHD+ LCD မ်က္ႏွာျပင္ ပါလာၿပီး 13MP ဆဲလ္ဖီး ကင္မရာကို ဘယ္ဘက္ထိပ္က Punch-hole မွာ တပ္ဆင္ထားပါတယ္။

အေနာက္ဘက္မွာ 25MP Main နဲ႔ 8MP Ultra Wide ကင္မရာေတြ ထည့္သြင္းထားၿပီး ညာဘက္မွာ လက္ေဗြရာ ကိရိယာကို ပါဝါ ခလုတ္ေအာက္မွာ ျမႇပ္ႏွံထားပါတယ္။ 4,050mAh ဘက္ထရီ တပ္ဆင္ထားၿပီး USB-C Port ကေန 15W ႏႈန္းနဲ႔ အားသြင္းႏိုင္ပါတယ္။ ဒီလ ၃၁ ရက္ေန႔မွာ ၅၀၀ ယူ႐ိုနဲ႔ ေရာင္းမွာျဖစ္ၿပီး ဖင္လန္ဟာ အေစာဆုံး ဝယ္ယူႏိုင္မွာပါ။ ျမန္မာေငြနဲ႔တြက္ရင္ ၈ သိန္းေလာက္ က်သင့္မွာပါ။

Ref : gsmarena