Samsung က ကာလရှည်ကြာ သတင်းထွက်နေတဲ့ အကြမ်းခံ Galaxy XCover6 Pro စမတ်ဖုန်း မိတ်ဆက်မယ့် နေ့ကို နောက်ဆုံးတော့ အတည်ပြုလိုက်ပါပြီ။ အဲဒီ ဖုန်းကို ဇူလိုင်လ ၁၃ ရက်နေ့ မိတ်ဆက်မှာ ဖြစ်ပြီး ပွဲမှာ အကြမ်းခံ Galaxy Tab Active4 Pro ကိုပါ ချပြမှာ ဖြစ်ပါတယ်။

Galaxy XCover 6 Pro and Tab Active4 Pro event poster

XCover6 Pro ဟာ အကြမ်းခံနိုင်အောင် တည်ဆောက်ထားတဲ့ Galaxy စမတ်ဖုန်း ဖြစ်ပြီး ဖြုတ်၊ တပ် နိုင်တဲ့ ဘက်ထရီ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ပေါက်ကြားထားတဲ့ ဓါတ်ပုံတွေအရ Galaxy XCover6 Pro ရဲ့ ဒီဇိုင်းဟာ တခြား XCover Series စမတ်ဖုန်းတွေနဲ့ တူညီပြီး အကြမ်းခံတဲ့ ပလတ်စတစ် ကာဗာကို သုံးထားကာ IP68 စံနှုန်း ပါလာမှာ ဖြစ်ပါတယ်။

Galaxy XCover6 Pro render

အဲဒီ ဖုန်းမှာ ၆.၅၆ လက်မ မျက်နှာပြင်၊ အရွယ်သေး Notch ၊ Snapdragon 778G Chipset ၊ 6GB RAM ၊ 128GB Storage နဲ့ 50MP Main ကင်မရာတွေ ပါမယ်လို့ သတင်းထွက်နေပါတယ်။ ဒုတိယ ကင်မရာရဲ့ သတင်းအချက်အလက်ကို မသိရသေးဘဲ 4,500mAh ဘက်ထရီ ထည့်သွင်းထားမယ်လို့ သတင်းပေါက်ကြားနေပါတယ်။

Galaxy Tab Active4 Pro တက်ဘလက်ရဲ့ သတင်းအချက်အလက် များများစားစားကို လက်ရှိမှာ မသိရသေးပါဘူး။ သေချာတာက အကြမ်းခံတဲ့ ကိုယ်ထည်နဲ့ Stylus ပါလာမှာ ဖြစ်ပါတယ်။ တက်ဘလက်မှာ ဖြုတ်၊ တပ် နိုင်တဲ့ ဘက်ထရီ မပါလာနိုင်ပါဘူး။

Ref : gsmarena