OnLeaks ဟာ လွန်ခဲ့တဲ့လအနည်းငယ်တုန်းက Samsung Galaxy X Cover Pro 2 ရဲ့ 3D renders တွေကို ထုတ်ပြခဲ့ဖူးပါတယ်။ အဲဒီအချိန်ကစပြီး ဖုန်းရဲ့ ဈေးကွက်တွင်းနာမည်အမှန်က Galaxy X Cover6 Pro ဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေနဲ့အတူ ဖုန်းအကြောင်းသတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်က ဒီ Render ကို Update လုပ်သင့်တဲ့အချိန်ရောက်နေပါပြီ။ Update render မှာ ဒီဇိုင်းတစ်ခုလုံးက တူညီပေမဲ့ ပြုပြင်မှုတွေလုပ်ထားတာကို တွေ့နိုင်ပါတယ်။ ဥပမာအားဖြင့် ကင်မရာမှန်ဘီလူးနှစ်ခုနဲ့ ခလုတ်နှစ်ခု (အပေါ်နဲ့ ဘယ်ဘက်) တို့ဟာ အခုစီးရီးရဲ့ ပုံမှန်ဖြစ်တဲ့ အနီရောင် ဖြစ်နေတာမျိုးပါ။
ဒီခလုတ်တွေဟာ Shortcut buttons ဖြစ်ပါတယ်။ သုံးစွဲသူအနေနဲ့ Screen ကို အသုံးမပြုဘဲနဲ့ ကြိုတင်သတ်မှတ်ထားတဲ့ လုပ်ဆောင်မှုကို လျင်လျင်မြန်မြန်ပြုလုပ်နိုင်တာပါ။ ကနဦးပေါက်ကြားမှုတွေအရ X Cover6 Pro မှာ Snapdragon 778G chipset ပါရှိမယ်လို့ သိရပါတယ်။ 6GB of RAM ပါရှိပါမယ်။ GizNext ရဲ့ အဆိုအရ 128GB သိုလှောင်မှုကို ထောက်ပံ့ထားပါမယ်။
မျက်နှာပြင်ဟာ 6.56-inch (1,080 x 2,408px) ဖြစ်ပြီး 60Hz refresh rate ထောက်ပံ့လာဖွယ်ရှိပါတယ်။ 50MP အဓိကကင်မရာနဲ့ 8MP ဒါမှမဟုတ် 12MP ultra-wide ကင်မရာတွေ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။ အရှေ့ဘက်မျက်နှာပြင်မှာ Notch တစ်ခုနဲ့အတူ 13MP sensor ပါရှိမယ်လို့လည်း ဆိုပါတယ်။ 4,050mAh ဘက်ထရီကို တပ်ဆင်ထားပြီး Removable ဖြစ်တယ်လို့ ဆိုပါတယ်။
အောက်ခြေမှာ Pogo pin တွေပါရှိပြီး အကြမ်းခံတဲ့ဒီဖုန်းဟာ IP68 dust and water resistance ရှိမယ်လို့လည်း သိရပါတယ်။ Samsung Galaxy X Cover6 Pro ကို ဘယ်အချိန်ထုတ်လုပ်မယ်ဆိုတာကို မသိရသေးပါဘူး။
Ref: GSM Arena