Unicode

Samsung ကနေ လာမယ့်ဖေဖော်ဝါရီလအတွင်းမှာ Galaxy S20 Series စမတ်ဖုန်းတွေအပြင် Galaxy Z Flip ဆိုတဲ့ Foldable ဖုန်းအသစ်ကိုပါ မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ မကြာသေးခင်အချိန်တုန်းက အဆိုပါ Foldable ဖုန်းအသစ်ကို Galaxy Bloom လို့ ခေါ်ဆိုမယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့်အခုအချိန်မှာတော့ Galaxy Bloom က Codename သပ်သပ်သာဖြစ်ပြီး Galaxy Z Flip နာမည်နဲ့ပဲ မိတ်ဆက်မယ်လို့ သိရတာဖြစ်ပါတယ်။

အခုလည်း ဒီ Samsung Galaxy Z Flip စမတ်ဖုန်းဟာ တရုတ်နိုင်ငံရဲ့ 3C Certification ကို ရရှိသွားပြီဖြစ်ပြီး နောက်ထပ်သတင်းအချို့ကိုပါ ထပ်သိရပါတယ်။ အဆိုပါ သတင်းအရ Galaxy Z Flip က Model Number SM-F700 နဲ့ ထွက်ရှိလာမှာဖြစ်ပြီး ဖုန်းနဲ့အတူ 15W Charger ပဲ ပါဝင်လာမှာလည်းဖြစ်ပါတယ်။

Samsung ဟာ လက်ရှိ Flagship ဖုန်းတွေအပြင် High End ဖုန်းတွေမှာပါ အနည်းဆုံး 25W Charger ကို ထည့်သွင်းပေးထားပြီးတော့ Galaxy Note 10+ နဲ့ မကြာခင်မိတ်ဆက်တော့မယ့် S20 Series ဖုန်းတွေမှာဆိုရင်လည်း 45W Fast Charging နဲ့ရရှိနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Foldable Phone အသစ်ဖြစ်လာမယ့် Galaxy Z Flip ဖုန်းက 15W Charging ပဲရရှိလာတာကတော့ စိတ်ဝင်စားစရာပါ။

Samsung Galaxy Z Flip ဟာ Specs တွေအရလည်း Galaxy Fold လိုမျိုး အကောင်းဆုံးဖြစ်လာမှာမဟုတ်ဘဲ မနှစ်တုန်းက Snapdragon 855 Processor အပြင် Dual Back Camera Setup နဲ့ 10MP Selfie Camera တွေပါဝင်မှာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် Flagship Specs တွေပါဝင်တာထက် Design ပိုင်းကို ပိုအလေးပေးလာဖို့များနေပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီ Samsung Galaxy Z Flip စမတ်ဖုန်းဟာ Samsung Galaxy Fold ထက် စျေးထက်ဝက်လောက်သက်သာတဲ့ $1,000 ဝန်းကျင်နဲ့ ရောင်းချသွားမှာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ Galaxy S20 Series ဖုန်းတွေနဲ့အတူ တရားဝင်မိတ်ဆက်လာနိုင်ပါတယ်။

Ref – GSM Arena

Zawgyi

Samsung ကေန လာမယ့္ေဖေဖာ္ဝါရီလအတြင္းမွာ Galaxy S20 Series စမတ္ဖုန္းေတြအျပင္ Galaxy Z Flip ဆိုတဲ့ Foldable ဖုန္းအသစ္ကိုပါ မိတ္ဆက္လာေတာ့မွာျဖစ္ပါတယ္။ မၾကာေသးခင္အခ်ိန္တုန္းက အဆိုပါ Foldable ဖုန္းအသစ္ကို Galaxy Bloom လို႔ ေခၚဆိုမယ္လို႔ သတင္းေတြထြက္ခဲ့ေပမယ့္အခုအခ်ိန္မွာေတာ့ Galaxy Bloom က Codename သပ္သပ္သာျဖစ္ၿပီး Galaxy Z Flip နာမည္နဲ႔ပဲ မိတ္ဆက္မယ္လို႔ သိရတာျဖစ္ပါတယ္။

အခုလည္း ဒီ Samsung Galaxy Z Flip စမတ္ဖုန္းဟာ တ႐ုတ္ႏိုင္ငံရဲ႕ 3C Certification ကို ရရွိသြားၿပီျဖစ္ၿပီး ေနာက္ထပ္သတင္းအခ်ိဳ႕ကိုပါ ထပ္သိရပါတယ္။ အဆိုပါ သတင္းအရ Galaxy Z Flip က Model Number SM-F700 နဲ႔ ထြက္ရွိလာမွာျဖစ္ၿပီး ဖုန္းနဲ႔အတူ 15W Charger ပဲ ပါဝင္လာမွာလည္းျဖစ္ပါတယ္။

Samsung ဟာ လက္ရွိ Flagship ဖုန္းေတြအျပင္ High End ဖုန္းေတြမွာပါ အနည္းဆုံး 25W Charger ကို ထည့္သြင္းေပးထားၿပီးေတာ့ Galaxy Note 10+ နဲ႔ မၾကာခင္မိတ္ဆက္ေတာ့မယ့္ S20 Series ဖုန္းေတြမွာဆိုရင္လည္း 45W Fast Charging နဲ႔ရရွိေနတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Foldable Phone အသစ္ျဖစ္လာမယ့္ Galaxy Z Flip ဖုန္းက 15W Charging ပဲရရွိလာတာကေတာ့ စိတ္ဝင္စားစရာပါ။

Samsung Galaxy Z Flip ဟာ Specs ေတြအရလည္း Galaxy Fold လိုမ်ိဳး အေကာင္းဆုံးျဖစ္လာမွာမဟုတ္ဘဲ မႏွစ္တုန္းက Snapdragon 855 Processor အျပင္ Dual Back Camera Setup နဲ႔ 10MP Selfie Camera ေတြပါဝင္မွာလည္းျဖစ္ပါတယ္။ အဲ့ဒီအတြက္ Flagship Specs ေတြပါဝင္တာထက္ Design ပိုင္းကို ပိုအေလးေပးလာဖို႔မ်ားေနပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒီ Samsung Galaxy Z Flip စမတ္ဖုန္းဟာ Samsung Galaxy Fold ထက္ ေစ်းထက္ဝက္ေလာက္သက္သာတဲ့ $1,000 ဝန္းက်င္နဲ႔ ေရာင္းခ်သြားမွာျဖစ္ၿပီး လာမယ့္ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွာ Galaxy S20 Series ဖုန္းေတြနဲ႔အတူ တရားဝင္မိတ္ဆက္လာႏိုင္ပါတယ္။

Ref – GSM Arena