Samsung ရဲ့ ဒုတိယမြောက် Foldable စမတ်ဖုန်းဖြစ်လာမယ့် Galaxy Z Flip ဟာ လာမယ့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ တရားဝင်ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ ယခင်တုန်းက ဓါတ်ပုံ Render တွေပဲ ပေါက်ကြားထားတဲ့ ဒီ Galaxy Z Flip ဖုန်းဟာ အခုအချိန်မှာတော့ Hands-on Video ထွက်ပေါ်လာခဲ့ပါပြီ။

ယခု Hands-on Video ကိုတော့ Leakster တစ်ဦးဖြစ်တဲ့ Ben Geskin ကနေ Twitter Account မှာ တင်ထားခဲ့တာဖြစ်ပြီး လက်ထဲမှာ ကိုင်ထားတဲ့ ပုံစံနဲ့ ဖြန့်လိုက်ရင် Display က ဘယ်လိုပုံစံဖြစ်သွားမလဲဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။

ဒီ Video ထဲမှာတော့ Galaxy Z Flip ဟာ Gradient Purple Color နဲ့ဖြစ်ပြီးတော့ Samsung ကနေ နောက်ထပ် Black Color နဲ့ပါရောင်းချသွားမှာဖြစ်ပါတယ်။ ခေါက်လိုက်တဲ့အချိန်မှာ Camera အပြင် Notification တွေအတွက် Display အသေးကိုပါ မြင်တွေ့ရမှာပါ။

Samsung Galaxy Z Flip စမတ်ဖုန်းဟာ Processor အနေနဲ့ မနှစ်တုန်းက Snapdragon 855+ Processor ကိုပဲ အသုံးပြုလာမှာဖြစ်ပြီး Camera Setup ကလည်း Dual 12MP Camera တွေကိုပဲ တပ်ဆင်လာမှာဖြစ်ပါတယ်။ ဒီလိုမျိုး Specs ပိုင်းမှာ Galaxy S20 Series တွေကိုမမှီပေမယ့် စျေးနှုန်းအနေနဲ့လည်း ပြီးခဲ့တဲ့ Galaxy Fold ထက် ပိုသက်သာမှာဖြစ်ပြီး ဒေါ်လာ ၁,၄၀၀ ဝန်းကျင် ရှိနိုင်တယ်လို့ သိရပါတယ်။

Ref – Ben Geskin Twitter