Unicode

Samsung ရဲ့ Galaxy Fold နောက်ပိုင်း Foldable စမတ်ဖုန်းအသစ်ဖြစ်တဲ့ Galaxy Z Flip ဟာ မကြာခင်ရက်ပိုင်းအတွင်း ထွက်ရှိလာတော့မှာပါ။ ယခင်တုန်းက Specification တွေပေါက်ကြားခဲ့သလိုပဲ အခုလည်း Official Render ဓါတ်ပုံတွေထွက်ရှိလာပြန်ပါပြီ။

ဒီ Samsung Galaxy Z Flip စမတ်ဖုန်းဟာ Galaxy Fold လိုမျိုး စာအုပ်ပုံစံ Foldable Design အစား ခေါက်ဖုန်းပုံစံဖြစ်ပြီးတော့ ဖြန့်လိုက်တဲ့အချိန်မှာ 22:9 Aspect Ratio ရှိတဲ့ 6.7″ FullHD+ Display တစ်ခုကို ရရှိမှာဖြစ်ပါတယ်။ Samsung က Hinge Design ကိုလည်း 70-degree နဲ့ 110-degree တွေမှာ ထားလို့ရနိုင်အောင် အထူးပြုလုပ်ထားတယ်လို့ သိရပါတယ်။

အပြင်ဘက်မှာတော့ Notification နဲ့ အချိန်ကိုပြသဖို့အတွက် 1.06″ ရှိတဲ့ 300×116 Pixel Display အသေးလေးတစ်ခုပါဝင်မှာဖြစ်ပါတယ်။ Specs ပိုင်းအနေနဲ့ကတော့ Qualcomm Snapdragon 855+ ၊ 8GB RAM နဲ့ 256GB Storage ပါဝင်မှာပါ။

Camera ပိုင်းအနေနဲ့ကတော့ 12MP Primary Sensor ကိုမှနောက်ထပ် 12MP Ultra-wide Sensor ထည့်သွင်းပေးထားပြီးတော့ Selfie Camera အတွက် 10MP Sensor ကို Infinity-O Punch Hole Design နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 3300mAh Battery ပါဝင်လာမယ်လို့ သိရပါတယ်။

အခုထွက်ရှိထားတဲ့ Official Render ဓါတ်ပုံတွေအရတော့ Samsung Galaxy Z Flip ဟာ တော်တော်လေး လှပပြီးတော့ မိန်းကလေးနဲ့ လူငယ်တွေအကြိုက်တွေ့မယ့် စမတ်ဖုန်းတစ်လုံးဖြစ်လာဦးမှာပါ။

Ref – 9to5Google

Zawgyi

Samsung ရဲ႕ Galaxy Fold ေနာက္ပိုင္း Foldable စမတ္ဖုန္းအသစ္ျဖစ္တဲ့ Galaxy Z Flip ဟာ မၾကာခင္ရက္ပိုင္းအတြင္း ထြက္ရွိလာေတာ့မွာပါ။ ယခင္တုန္းက Specification ေတြေပါက္ၾကားခဲ့သလိုပဲ အခုလည္း Official Render ဓါတ္ပုံေတြထြက္ရွိလာျပန္ပါၿပီ။

ဒီ Samsung Galaxy Z Flip စမတ္ဖုန္းဟာ Galaxy Fold လိုမ်ိဳး စာအုပ္ပုံစံ Foldable Design အစား ေခါက္ဖုန္းပုံစံျဖစ္ၿပီးေတာ့ ျဖန္႔လိုက္တဲ့အခ်ိန္မွာ 22:9 Aspect Ratio ရွိတဲ့ 6.7″ FullHD+ Display တစ္ခုကို ရရွိမွာျဖစ္ပါတယ္။ Samsung က Hinge Design ကိုလည္း 70-degree နဲ႔ 110-degree ေတြမွာ ထားလို႔ရႏိုင္ေအာင္ အထူးျပဳလုပ္ထားတယ္လို႔ သိရပါတယ္။

အျပင္ဘက္မွာေတာ့ Notification နဲ႔ အခ်ိန္ကိုျပသဖို႔အတြက္ 1.06″ ရွိတဲ့ 300×116 Pixel Display အေသးေလးတစ္ခုပါဝင္မွာျဖစ္ပါတယ္။ Specs ပိုင္းအေနနဲ႔ကေတာ့ Qualcomm Snapdragon 855+ ၊ 8GB RAM နဲ႔ 256GB Storage ပါဝင္မွာပါ။

Camera ပိုင္းအေနနဲ႔ကေတာ့ 12MP Primary Sensor ကိုမွေနာက္ထပ္ 12MP Ultra-wide Sensor ထည့္သြင္းေပးထားၿပီးေတာ့ Selfie Camera အတြက္ 10MP Sensor ကို Infinity-O Punch Hole Design နဲ႔ ထြက္ရွိလာမွာျဖစ္ပါတယ္။ Battery အေနနဲ႔ကေတာ့ 3300mAh Battery ပါဝင္လာမယ္လို႔ သိရပါတယ္။

အခုထြက္ရွိထားတဲ့ Official Render ဓါတ္ပုံေတြအရေတာ့ Samsung Galaxy Z Flip ဟာ ေတာ္ေတာ္ေလး လွပၿပီးေတာ့ မိန္းကေလးနဲ႔ လူငယ္ေတြအႀကိဳက္ေတြ႕မယ့္ စမတ္ဖုန္းတစ္လုံးျဖစ္လာဦးမွာပါ။

Ref – 9to5Google