Samsung က ဖေဖော်ဝါရီလမှာ ဒုတိယမြောက် Foldable ဖုန်း ဖြစ်တဲ့ Galaxy Z Flip ကို Galaxy S20 Series နဲ့အတူ ကြေညာခဲ့ပါတယ်။ Z Flip အတွက် Mirror Black , Mirror Purple နဲ့ Mirror Gold ၃ ရောင်ထုတ်လုပ်ထားပြီး အထူးထုတ် Thom Browne Edition ကိုပါ မိတ်ဆက်ပွဲမှာ ချပြထားပါတယ်။ အခုတော့ အထူးထုတ် မော်ဒယ်ကို စပိန်နဲ့ စင်ကာပူမှာ ရောင်းပေးလိုက်ပါပြီ။ Thom Browne ဟာ အမေရိကန် ဖက်ရှင် ဒီဇိုင်နာ ဖြစ်ပြီး Thom Browne Menswear Brand ကို တည်ထောင်ထားပါတယ်။

စပိန်မှာ အထူးထုတ် မော်ဒယ်ကို ၂,၆၀၀ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ သိန်း ၄၀ လောက်ကျသင့်မှာပါ။ စင်ကာပူမှာတော့ ၃,၃၈၈ ဒေါ်လာ သတ်မှတ်ထားပြီး ၄၇ သိန်းလောက်ရှိပါတယ်။ စပိန်မှာ ဝယ်ယူနိုင်ပြီ ဖြစ်ပြီး စင်ကာပူမှာ နောက်လ ၁၃ ရက်နေ့ ရောင်းမှာပါ။

Samsung က Galaxy Z Flip Thom Browne Edition ကို နိုင်ငံအသစ်တွေမှာ တိုးချဲ့ရောင်းချပေးလိုက်သလို Galaxy S20 Series အတွက်လည်း အရောင် အသစ်တွေ ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ မေလ ၃၀ ရက်နေ့မှာ Galaxy S20+ ရဲ့ Aura Red အရောင် အသစ်နဲ့ Galaxy S20 Ultra ရဲ့ Cloud White အရောင်တွေကို စင်ကာပူမှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။

Samsung Singapore က Galaxy Buds+ အတွက် အနီရောင် အသစ်ကို ကြေညာထားပါတယ်။ KrisShop ကနေ ဇွန်လ ၅ ရက်နေ့ မတိုင်ခင် ရောင်းမှာဖြစ်ပြီး နောက် ၁ လအတွင်းမှာ Lazada ကနေ ဝယ်ယူနိုင်မှာပါ။ အဲဒီနောက်မှာ Samsung အွန်လိုင်း စတိုးနဲ့ မြေပြင်စတိုးတချို့ကနေ ရောင်းမှာပါ။

Ref : gizchina