[Unicode]

Samsung ရဲ့ ဒုတိယမြောက် Foldable စမတ်ဖုန်းဖြစ်တဲ့ Galaxy Z Flip ရဲ့  သတင်းအချက်အလက်တွေ ထွက်ပေါ်နေပါတယ်။ အဲဒီဖုန်းကို Galaxy S20 Series နဲ့အတူ နောက်လမှာ ကြေညာတော့မယ်လို့ ထင်ပါတယ်။ အဲဒီဖုန်းကို အရင်က Galaxy Fold 2 ဒါမှမဟုတ် Galaxy Bloom လို့ နာမည်ပေးထားမယ်လို့ သိခဲ့ကြတာပါ။ အခုတော့ Galaxy Z Flip မှာ 3,300mAh ဘက်ထရီ ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ Motorola Foldable Razr ရဲ့ 2,510mAh ထက် ပမာဏ ပိုများပေမယ့် 3,300mAh ဆိုတာ သိပ်မမိုက်ပါဘူး။

Galaxy Z Flip ဟာ အဲဒီ ဘက်ထရီ ပမာဏနဲ့ဆိုရင် ပုံမှန်လောက်ပဲ သုံးရင်တောင် ၁ ရက်လောက်ပဲ အသုံးခံမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Fast Charging ပါမယ်လို့ သတင်းထွက်နေတဲ့အတွက် အားသွင်းရင် မြန်မှာပါ။ အဲဒီဖုန်းရဲ့ Screen သတင်းအချက်အလက်တွေလည်း ထွက်ပေါ်လာပါတယ်။

Galaxy Fold လို Foldable Display ရဲ့ အထက်မှာ ပလတ်စတစ်ကိုပဲ သုံးထားမှာ မဟုတ်ဘဲ အရမ်းပါးလွှာတဲ့ ဖန် အလွှာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ဒီသတင်းဟာ အရင်ကလည်း ထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကွာခြားတာက ဖန်ရဲ့ အထက်မှာ ပလတ်စတစ် အလွှာ ဖုံးအုပ်ထားမှာ ဖြစ်ပါတယ်။ ခြစ်ရာထင်ရင် ပလတ်စတစ်မှာပဲ အကျိုးသက်ရောက်မှာ ဖြစ်ပြီး ဖန် အလွှာက ပြဿနာ မရှိပါဘူး။ ပလတ်စတစ်ကို လဲလှယ်ရင် ကုန်ကျစားရိတ် သက်သာမှာ ဖြစ်ပါတယ်။

Ref : gsmarena

[Zawgyi]

Samsung Galaxy Z Flip မွာ 3,300mAh ဘက္ထရီ ပါလာႏိုင္

Samsung ရဲ႕ ဒုတိယေျမာက္ Foldable စမတ္ဖုန္းျဖစ္တဲ့ Galaxy Z Flip ရဲ႕ သတင္းအခ်က္အလက္ေတြ ထြက္ေပၚေနပါတယ္။ အဲဒီဖုန္းကို Galaxy S20 Series နဲ႔အတူ ေနာက္လမွာ ေၾကညာေတာ့မယ္လို႔ ထင္ပါတယ္။ အဲဒီဖုန္းကို အရင္က Galaxy Fold 2 ဒါမွမဟုတ္ Galaxy Bloom လို႔ နာမည္ေပးထားမယ္လို႔ သိခဲ့ၾကတာပါ။ အခုေတာ့ Galaxy Z Flip မွာ 3,300mAh ဘက္ထရီ ပါလာမယ္လို႔ သတင္းထြက္လာပါတယ္။ Motorola Foldable Razr ရဲ႕ 2,510mAh ထက္ ပမာဏ ပိုမ်ားေပမယ့္ 3,300mAh ဆိုတာ သိပ္မမိုက္ပါဘူး။

Galaxy Z Flip ဟာ အဲဒီ ဘက္ထရီ ပမာဏနဲ႔ဆိုရင္ ပုံမွန္ေလာက္ပဲ သုံးရင္ေတာင္ ၁ ရက္ေလာက္ပဲ အသုံးခံမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ Fast Charging ပါမယ္လို႔ သတင္းထြက္ေနတဲ့အတြက္ အားသြင္းရင္ ျမန္မွာပါ။ အဲဒီဖုန္းရဲ႕ Screen သတင္းအခ်က္အလက္ေတြလည္း ထြက္ေပၚလာပါတယ္။

Galaxy Fold လို Foldable Display ရဲ႕ အထက္မွာ ပလတ္စတစ္ကိုပဲ သုံးထားမွာ မဟုတ္ဘဲ အရမ္းပါးလႊာတဲ့ ဖန္ အလႊာ ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ ဒီသတင္းဟာ အရင္ကလည္း ထြက္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ ကြာျခားတာက ဖန္ရဲ႕ အထက္မွာ ပလတ္စတစ္ အလႊာ ဖုံးအုပ္ထားမွာ ျဖစ္ပါတယ္။ ျခစ္ရာထင္ရင္ ပလတ္စတစ္မွာပဲ အက်ိဳးသက္ေရာက္မွာ ျဖစ္ၿပီး ဖန္ အလႊာက ျပႆနာ မရွိပါဘူး။ ပလတ္စတစ္ကို လဲလွယ္ရင္ ကုန္က်စားရိတ္ သက္သာမွာ ျဖစ္ပါတယ္။

Ref : gsmarena