သတင်းတွေထွက်နေတဲ့ Samsung Galaxy Z Flip3 ကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပြီး ဒီဇိုင်း အသစ် သုံးထားပါတယ်။ မျက်နှာပြင် ၂ ခုက အရင်မော်ဒယ်တွေထက် တိုးတက်လာပါတယ်။ Flip3 မှာ အရွယ်ပိုကြီးတဲ့ ၁.၉ လက်မ Super AMOLED Cover မျက်နှာပြင် တပ်ဆင်ထားပြီး Notifications တွေ ကြည့်နိုင်ပါတယ်။ ဖုန်းကို ဖွင့်စရာ မလိုဘဲ Apps တွေကိုလည်း အသုံးပြုနိုင်ပါတယ်။

Samsung Galaxy Z Flip3 brings larger cover display, Armor Aluminum frame

အတွင်းဘက်မှာ ၆.၇ လက်မ Dynamic AMOLED Full HD+ မျက်နှာပြင် ထည့်သွင်းထားပြီး 120Hz Adaptive Refresh Rate ထောက်ပံ့ထားပါတယ်။ Cover မျက်နှာပြင်မှာ ကင်မရာ ၂ လုံးကို ဒေါင်လိုက် တပ်ဆင်ထားပြီး အောက်မှာ LED Flash ၁ လုံး ပါပါတယ်။ ကင်မရာတွေက 12MP Main (Dual Pixel AF, OIS) နဲ့ 12MP Ultrawide တွေ ဖြစ်ပါတယ်။ ပင်မ မျက်နှာပြင်မှာ 10MP Punch Hole ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။

Samsung Galaxy Z Flip3 brings larger cover display, Armor Aluminum frame

Galaxy Z Flip3 မှာ 5nm Snapdragon 888 Chipset မောင်းနှင်ထားပြီး 8GB RAM , 128GB or 256GB UFS 3.1 Storage ထည့်သွင်းထားပါတယ်။ 5G ဆက်သွယ်မှု ထောက်ပံ့ထားပြီး Sub6 ရော mmWave 5G ကိုပါ အသုံးပြုနိုင်ပါတယ်။

အနောက်ဘက်ကို Gorilla Glass Victus နဲ့ ကာကွယ်ထားပြီး Armor Aluminium Frame တပ်ဆင်ထားပါတယ်။ ဘက်ထရီက အရင်မော်ဒယ်နဲ့ တူညီပြီး 3,300mAh ဖြစ်ပေမယ့် 15W Charging ပဲ ပါလာတာက သိပ်မမိုက်ပါဘူး။

ဖက်ရှင်ကျလှပတဲ့ ဖုန်း ဖြစ်တဲ့အတွက် Samsung က Cream, Green, Lavender, Phantom Black, Gray, White နဲ့ Pink စတဲ့ ၇ ရောင်တောင် ထုတ်လုပ်ပေးထားပါတယ်။ ဒါတင်မကသေးဘဲ လက်နဲ့ကိုင်ရလွယ်အောင် သတ္တုကွင်း၊ သားရေကြိုးတွေ ပါတဲ့ အရောင်စုံ Cases တွေကိုလည်း ဖန်တီးပေးထားပြီး သီးခြား ရောင်းချမှာပါ။

Samsung Galaxy Z Flip3 brings larger cover display, Armor Aluminum frame

Galaxy Z Flip3 ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ် ဖြစ်တဲ့ 8GB/128GB ကို ဒေါ်လာ ၉၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၁၆သိန်းခွဲ လောက်ကျသင့်မှာပါ။

Ref : gsmarena