Samsung ဟာ ပြီးခဲ့တဲ့ရက်သတ္တပါတ်တုန်းက စတင်ပြီးတော့ Galaxy Z Flip4 နဲ့ Z Fold4 အသုံးပြုသူတွေအတွက် Android 13 OS ကို အခြေခံထားတဲ့ OneUI 5.0 Update ကို ထုတ်ပေးထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ OneUI 5.0 Update ဟာ US နိုင်ငံအတွင်းမှာရှိတဲ့ Beta Tester တွေပဲ ရရှိခဲ့တာဖြစ်ပြီး တခြားသော အသုံးပြုသူတွေကတော့ Update ပြုလုပ်နိုင်ခြင်းမရှိခဲ့ပါဘူး။​

ဒါကြောင့် Samsung ကနေ Galaxy Z Flip4 နဲ့ Galaxy Z Fold4 ဖုန်းတွေ အသုံးပြုနေသူအားလုံးအတွက် OneUI 5.0 Stable Update ကို ယခုအချိန်ကစတင်ပြီး ထုတ်ပေးနေပြီလို့ သိရပါတယ်။ အဲ့ဒီအတွက် ယခင်တုန်းက Update ပြုလုပ်နိုင်ခြင်းမရှိသေးတဲ့ အသုံးပြုသူတွေအနေနဲ့ မကြာခင်မှာ Update ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ တောင်ကိုရီးယားနိုင်ငံအတွင်းမှာ စတင်ပြီး OneUI 5.0 Stable Update ရရှိနေပြီလို့ သိရပြီး တခြားသော Region တွေအနေနဲ့လည်း မကြာခင်မှာ Update ရရှိသွားဖွယ်ရှိနေပါတယ်။ အဆိုပါ Firmware Update ဟာ November 2022 Security Patch ပါဝင်လာမှာဖြစ်ပြီး တခြားသော Bug တွေနဲ့ Security Issue တွေကို ပြင်ဆင်ထားပေးတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung အနေနဲ့ အခုလိုမျိုး ပုံမှန် Flagship နဲ့ Mid Range ဖုန်းတွေတင်မဟုတ်ဘဲ Foldable ဖုန်းတွေမှာပါ Android Update ကို မြန်ဆန်စွာထုတ်ပေးနိုင်တာကတော့ အားရဖို့ကောင်းတယ်လို့ ဆိုရမှာပါ။

Ref – GSM Arena