Samsung ဟာ လာမယ့်လပိုင်းအတွင်းမှာ Foldable Flagship ဖုန်းတွေဖြစ်တဲ့ Galaxy Z Fold4 နဲ့ Galaxy Z Flip4 ဖုန်းတွေကို တရားဝင်မိတ်ဆက်ဖို့ စီစဥ်နေပြီဖြစ်ပါတယ်။ အဆိုပါ Foldable ဖုန်းအသစ်တွေဟာ ယခင်တုန်းကထက် အဆင့်မြှင့်တင်မှုတွေအများအပြားလည်း ပါဝင်လာမယ်လို့ သိရပါတယ်။
အဆိုပါ အဆင့်မြှင့်တင်မှုတွေထဲမှာ Qualcomm Snapdragon 8+ Gen 1 Chipset ၊ ပိုကြီးမားတဲ့ Display အပြင် Screen ကို ခေါက်ချိုးတဲ့နေရာမှာပေါ်နေတဲ့ Crease ကိုလည်း ယခင်ထက်ပိုပြီး မသိသာအောင် ပြုလုပ်လာမှာဖြစ်ပါတယ်။ Samsung Galaxy Z Flip4 ဖုန်းမှာဆိုရင်လည်း ပိုကြီးမားတဲ့ Cover Display နဲ့ Battery ပါဝင်လာမှာဖြစ်ပါတယ်။
အခုလည်း နောက်ထပ် Samsung Galaxy Z Flip4 ဖုန်းအတွက် သတင်းတစ်ခုက ထပ်မံပေါက်ကြားလာပါပြီ။ ဒါကတော့ Galaxy Z Flip4 ဖုန်းဟာ အမြင့်ဆုံးအနေနဲ့ Storage က 512GB အထိ ပါဝင်လာမှာပဲဖြစ်ပါတယ်။ ဒါကြောင့် Galaxy Z Flip4 ဟာ Z Flip Series ဖုန်းတွေထဲမှာ Storage ပါဝင်မှုအများဆုံးဖြစ်လာမှာပါ။
ဒါပေမယ့်လည်း Samsung Galaxy Z Flip4 ရဲ့ 512GB Storage ကို အသုံးပြုချင်တယ်ဆိုရင်တော့ စျေးနှုန်းအနေနဲ့ ဒေါ်လာ ၁,၁၀၀ ခန့် ကျသင့်မယ်လို့ သိရပါတယ်။ ပုံမှန် Base Model Galaxy Z Flip4 ဟာ 256GB Storage ပါဝင်မှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ကတော့ ၉၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။
တစ်ဖက်မှာတော့ Samsung Galaxy Z Fold4 စမတ်ဖုန်းဟာလည်း အမြင့်ဆုံး Storage အနေနဲ့ 1TB အထိ ရရှိနိုင်မှာဖြစ်ပါတယ်။
Ref – GSM Arena