[Unicode]
Samsung နောက်ထုတ်မယ့် Foldable စမတ်ဖုန်းရဲ့ သတင်းတွေများစွာ ပေါက်ကြားထွက်ပေါ်နေပြီး Specs , Features နဲ့ Design တွေကို သိခဲ့ကြပြီးပါပြီ။ အခုတော့ ပင်မကင်မရာဟာ အရင် သတင်းထွက်ခဲ့သလို 108MP မဟုတ်ဘဲ 12MP ဖြစ်မယ်လို့ တွစ်တာကနေ သတင်းထွက်လာပါတယ်။ Galaxy Z Flip နဲ့ Galaxy S20 Ultra တို့မှာ Resolution အရမ်းလန်းတဲ့ ဆန်ဆာ ပါမယ်လို့ အစောပိုင်းက ထင်ခဲ့ကြပါတယ်။ အရင်ကတော့ အဲဒီ ဖုန်းတွေကို Galaxy Fold 2 နဲ့ Galaxy S11 လို့ သိခဲ့ကြတာပါ။
More confirmations on Galaxy Z Flip: 6.7inch Dynamic AMOLED Displya, 12MP Main Camera (not 108MP, obviously). 10MP Front Camera and 256GB Storage as told earlier. One UI 2.1, 3300mAH or 3500mAH Battery (some confusion regarding that). Black and Purple colours. https://t.co/U4GA46Qj1r
— Ishan Agarwal (@ishanagarwal24) January 20, 2020
တွစ်တာက သတင်းအရ Samsung Galaxy Z Flip မှာ ၆.၇ လက်မ Dynamic AMOLED မျက်နှာပြင် ၊ 10MP အရှေ့ ကင်မရာနဲ့ 256GB Storage တွေ ပါမယ်လို့ သိရပါတယ်။ အနက်နဲ့ ခရမ်းရောင်တွေ ရွေးချယ်နိုင်မှာပါ။ အရင်ကတော့ တောင်ကိုရီးယားအတွက် အပြာ၊ အနီနဲ့ ပန်းရောင်တွေ ရောင်းချမယ်လို့ သိခဲ့ရပါသေးတယ်။ ဒီရက်ပိုင်းထဲမှာ အဲဒီဖုန်းရဲ့ Promo ဓါတ်ပုံ ထွက်လာခဲ့ပါသေးတယ်။
တခြား သတင်းတွေအရ Galaxy Z Flip မှာ 15W Charging နဲ့ 3,300mAh ဘက်ထရီတွေ ပါလာမယ်လို့ သိရပါတယ်။ မျက်နှာပြင်မှာ အရမ်းပါးလွှာတဲ့ ဖန်နဲ့ ပလတ်စတစ်ကို သုံးထားနိုင်ပါတယ်။ လာမယ့်လမှာ ကျင်းပမယ့် Samsung Unpacked Event မှာ Galaxy S20 Series တွေနဲ့အတူ Galaxy Z Flip ကို ကြေညာမယ်လို့ ထင်ပါတယ်။
Ref : gsmarena
[Zawgyi]
Samsung Galaxy Z Flip ရဲ႕ ပင္မ ကင္မရာဟာ 12MP ျဖစ္ႏိုင္
Samsung ေနာက္ထုတ္မယ့္ Foldable စမတ္ဖုန္းရဲ႕ သတင္းေတြမ်ားစြာ ေပါက္ၾကားထြက္ေပၚေနၿပီး Specs , Features နဲ႔ Design ေတြကို သိခဲ့ၾကၿပီးပါၿပီ။ အခုေတာ့ ပင္မကင္မရာဟာ အရင္ သတင္းထြက္ခဲ့သလို 108MP မဟုတ္ဘဲ 12MP ျဖစ္မယ္လို႔ တြစ္တာကေန သတင္းထြက္လာပါတယ္။ Galaxy Z Flip နဲ႔ Galaxy S20 Ultra တို႔မွာ Resolution အရမ္းလန္းတဲ့ ဆန္ဆာ ပါမယ္လို႔ အေစာပိုင္းက ထင္ခဲ့ၾကပါတယ္။ အရင္ကေတာ့ အဲဒီ ဖုန္းေတြကို Galaxy Fold 2 နဲ႔ Galaxy S11 လို႔ သိခဲ့ၾကတာပါ။
More confirmations on Galaxy Z Flip: 6.7inch Dynamic AMOLED Displya, 12MP Main Camera (not 108MP, obviously). 10MP Front Camera and 256GB Storage as told earlier. One UI 2.1, 3300mAH or 3500mAH Battery (some confusion regarding that). Black and Purple colours. https://t.co/U4GA46Qj1r
— Ishan Agarwal (@ishanagarwal24) January 20, 2020
တြစ္တာက သတင္းအရ Samsung Galaxy Z Flip မွာ ၆.၇ လက္မ Dynamic AMOLED မ်က္ႏွာျပင္ ၊ 10MP အေရွ႕ ကင္မရာနဲ႔ 256GB Storage ေတြ ပါမယ္လို႔ သိရပါတယ္။ အနက္နဲ႔ ခရမ္းေရာင္ေတြ ေ႐ြးခ်ယ္ႏိုင္မွာပါ။ အရင္ကေတာ့ ေတာင္ကိုရီးယားအတြက္ အျပာ၊ အနီနဲ႔ ပန္းေရာင္ေတြ ေရာင္းခ်မယ္လို႔ သိခဲ့ရပါေသးတယ္။ ဒီရက္ပိုင္းထဲမွာ အဲဒီဖုန္းရဲ႕ Promo ဓါတ္ပုံ ထြက္လာခဲ့ပါေသးတယ္။
တျခား သတင္းေတြအရ Galaxy Z Flip မွာ 15W Charging နဲ႔ 3,300mAh ဘက္ထရီေတြ ပါလာမယ္လို႔ သိရပါတယ္။ မ်က္ႏွာျပင္မွာ အရမ္းပါးလႊာတဲ့ ဖန္နဲ႔ ပလတ္စတစ္ကို သုံးထားႏိုင္ပါတယ္။ လာမယ့္လမွာ က်င္းပမယ့္ Samsung Unpacked Event မွာ Galaxy S20 Series ေတြနဲ႔အတူ Galaxy Z Flip ကို ေၾကညာမယ္လို႔ ထင္ပါတယ္။
Ref : gsmarena