Samsung က နာမည်ကျော် ဖက်ရှင် ကုမ္ပဏီ Thom Browne နဲ့ ပူးပေါင်းပြီး အထူးထုတ် Galaxy Z Fold2 5G ကို ချပြခဲ့ပြီးပါပြီ။ မကြာခင်ကလည်း နာမည်ကျော် ကား ကုမ္ပဏီနဲ့ လက်တွဲကာ Aston Martin Racing Limited Edition ကို ကြေညာခဲ့ပါတယ်။ အခုတော့ အဲဒီ မော်ဒယ်ကို ဒီလ ၁၁ ရက်နေ့ စတင် ကျင်းပမယ့် တရုတ်ရဲ့ နာမည်ကျော် Singles’ Day  ဈေးရောင်းပွဲတော်မှာ ရောင်းပေးတော့မှာပါ။ Limited Edition ဆိုသလိုပဲ များများစားစား ထုတ်ထားတာ မဟုတ်ဘဲ ၇၇၇ လုံးပဲ ရောင်းမှာပါ။

Samsung Galaxy Z Fold2 Aston Martin Racing limited edition revs up for 11.11 sale

Samsung Galaxy Z Fold2 Aston Martin Racing Limited Edition မှာ ဖုန်း ဒီဇိုင်းကို မပြောင်းလဲထားပေမယ့် ဘူးကိုတော့ အထူး ဖန်တီးပေးထားပါတယ်။ ဘူးထဲမှာ သားရေ ဖုန်း Case ၁ ခု၊ Galaxy Watch3 ၁ လုံး ၊ Crystal ID Card ၁ ခု၊ Aston Martin T-shirt နဲ့ ဦးထုပ် ထည့်သွင်းထားပါတယ်။ အဲဒီ မော်ဒယ်အတွက် အရောင် ၂ မျိုး ရွေးချယ်နိုင်ပြီး စမတ်နာရီ ကိုယ်ထည် အရောင်ကိုတော့ ကျပန်းထည့်ထားတာ ဖြစ်နိုင်ပါတယ်။

Samsung Galaxy Z Fold2 Aston Martin Racing Limited Edition ကို တရုတ်မှာ ၂၁,၀၀၀ ယွမ် သတ်မှတ်ထားတဲ့အတွက် Thom Browne Edition ထက်တော့ ဈေးသက်သာပါတယ်။ မြန်မာငွေနဲ့တွက်ရင် သိန်း ၄၀ လောက်ရှိပါတယ်။ ဈေးကို သီးခြားတွက်ကြည့်ရင်  Galaxy Z Fold2 (12/512GB) ဟာ ၁၇,၀၀၀ ယွမ်နဲ့ Watch3 ဟာ ၄,၆၀၀ ယွမ် ရှိတဲ့အတွက် Aston Martin Racing Limited Edition က ပိုတောင်တန်နေပါတယ်။

Samsung ဟာ နောက်ထပ် Package ၁ ခုကိုလည်း ယွမ် ၂၁,၀၀၀ နဲ့ ရောင်းချဖို့ ပြင်ဆင်နေပြီး အဲဒီထဲမှာ Watch3 နဲ့ Galaxy Buds Live တို့ ပါပေမယ့် Aston Martin ရဲ့ ပစ္စည်းတွေ မပါပါဘူး။

Ref : gsmarena