ဒီလ အစောပိုင်းက ကြေညာခဲ့တဲ့ Samsung Galaxy Z Fold2 ကို ကမ္ဘာတစ်ဝှမ်းလုံးက အဓိက စျေးကွက်တွေမှာ ရောင်းချနေပါပြီ။

ရောင်းချနေပြီဖြစ်တဲ့ နိုင်ငံတွေထဲမှာ အမေရိကန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ပြင်သစ်နိုင်ငံနဲ့ ဥရောပနိုင်ငံ အများအပြားလည်း ပါဝင်ပါတယ်။ အောက်တိုဘာလကုန်မှာတော့ နိုင်ငံပေါင်း ၈၀ အထိ ရောင်းချသွားမယ်လို့ Samsung ကုမ္ပဏီက ဆိုပါတယ်။

Galaxy Z Fold2 ဟာ Samsung ရဲ့ လေးခုမြောက် Foldable စမတ်ဖုန်း ဖြစ်ပြီး အတွင်းဘက်မှာ 7.6 လက်မ 120Hz AMOLED Display နဲ့ အပြင်ဘက် မျက်နှာပြင်ကတော့ 6.23 လက်မ ရှိပါတယ်။ အတွင်းပိုင်းမှာတော့ Snapdragon 865+ SoC နဲ့ 12GB RAM ကို အသုံးပြုထားပါတယ်။ Android 10 ကို အခြေခံထားတဲ့ One UI 2.5 ပါရှိပြီး internal storage ကတော့ 256GB အထိ ရရှိမှာပါ။

ဓာတ်ပုံအတွက် Galaxy Z Fold2 မှာ စုစုပေါင်း ကင်မရာ ငါးလုံး ပါဝင်ပြီး ကင်မရာသုံးလုံး (Primary + Telephoto + Ultrawide) တို့ကို မျက်နှာပြင်မရှိတဲ့ ဖက်ခြမ်းမှာ တွေ့ရမှာပါ။ 10MP Selfie Camera ကတော့ ကာဗာ မျက်နှာပြင်မှာ Punch Hole ပုံစံ ထည့်သွင်းထားပြီး နောက်ထပ် 10MP ကင်မရာ ကိုတော့ ကွေးခေါက်လို့ရတဲ့ မျက်နှာပြင်ရဲ့ အတွင်းဖက် ညာဖက်ခြမ်းမှာ တွေ့ရမှာပဲ ဖြစ်ပါတယ်။

Galaxy Z Fold2 မှာ Fingerprint Scanner ကို ဘေးဘက်မှာ ထည့်သွင်းလာပြီး 4,500 mAh ဘက္ထရီကို 25W အားသွင်းစနစ်နဲ့ ထောက်ပံ့ပေးထားပါတယ်။

Ref – GSMArena