Samsung က Galaxy Z Fold2 ကို ၅ ရက်နေ့ Unpacked Event မှာ ကြေညာခဲ့ပေမယ့် Specs အပြည့်အစုံကို မပြောသေးပါဘူး။ စက်တင်ဘာလ ၁ ရက်နေ့ကျမှ အားလုံးကို ကြေညာမယ်လို့ ကုမ္ပဏီက ပြောထားပြီး အဲဒီ ဖုန်းရဲ့ တရားဝင် ဓါတ်ပုံတချို့ကိုလည်း ပြသထားပါတယ်။ အခုတော့ အဲဒီဖုန်းရဲ့ Hands-on ဗီဒီယို ၁ ခု ပေါက်ကြားထွက်ပေါ်လာပါတယ်။

Ben Geskin က တွစ်တာမှာ မျှဝေလိုက်တာ ဖြစ်ပြီး ၁၆ စက္ကန့်ပဲ ကြာမြင့်ပါတယ်။ တရားဝင် ဓါတ်ပုံတွေကထက် ဗီဒီယိုမှာ ရှုထောင့်ပိုစုံလင်စွာ မြင်ရပြီး အတွင်းဘက် Punch Hole ဆဲလ်ဖီး ကင်မရာကို နေရာချထားတာက စဉ်းစားစရာပါ။ မျက်နှာပြင် ခေါက်ချိုးကြောင်းကိုလည်း တွေ့ရပြီး အပြင်ဘက် မျက်နှာပြင်က အရွယ်အစားနဲ့ ဘေးဘောင်တွေ ပိုတိုးတက်လာပါတယ်။ အနောက်ဘက်က ကင်မရာ ပုံစံတွေက Galaxy Note20 Ultra နဲ့ ဆင်တူပါတယ်။

Galaxy Z Fold2 မှာ ၆.၃ လက်မ ကာဗာ မျက်နှာပြင်နဲ့ ၇.၆ လက်မ အတွင်း မျက်နှာပြင်တွေ တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Snapdragon 865+ Chipset သုံးထားမယ်လို့ သတင်းထွက်နေပြီး Android 10 အခြေပြု One UI ပါလာနိုင်ပါတယ်။

ပေါက်ကြားနေတဲ့ သတင်းတွေအရ Wide/Ultrawide/Telephoto အနောက်ကင်မရာ ၃ လုံး တပ်ဆင်ထားမယ်လို့ သိရပြီး 4500mAh ဘက်ထရီ ပါလာမှာပါ။ 12GB RAM နဲ့ 256GB Storage ထည့်သွင်းထားနိုင်ပါတယ်။

Ref : gsmarena