Samsung ဟာ ပြီးခဲ့တဲ့နှစ်မှာ Galaxy Fold စမတ်ဖုန်းကို စတင်မိတ်ဆက်ခဲ့ပြီး Foldable စမတ်ဖုန်းစျေးကွက်ထဲကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အခုနှစ်မှာလည်း Galaxy Fold ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ Galaxy Z Fold2 စမတ်ဖုန်းကို တရားဝင်မိတ်ဆက်ရောင်းချနေတာဖြစ်ပါတယ်။

အဆိုပါ Galaxy Z Fold2 စမတ်ဖုန်းဟာ Front Display ပိုင်းမှာ Galaxy Fold ထက် ပိုကြီးလာသလို Primary Display ကလည်း UTG Display နည်းပညာနဲ့ 120Hz Refresh Rate တွေကိုပါ Support လုပ်ထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာကို Galaxy Fold ထက် ပိုကောင်းနေတယ်လို့ ပြောလို့ရပါတယ်။

Camera ပိုင်းမှာလည်း Samsung ကနေ Triple 12 MP Camera Setup ကို အသုံးပြုထားခဲ့ပြီး Galaxy Note 20 Ultra လိုမျိုး 108MP Sensor မဟုတ်ပေမယ့်လည်း ယခင် Galaxy Fold ထက်တော့ ပိုအဆင့်မြှင့်တင်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Camera ပိုင်းစမ်းသပ်တဲ့ DxOMark Website ရဲ့ ထုတ်ပြန်ချက်အရတော့ Galaxy Z Fold2 ရဲ့ Camera Setup က အားရဖို့ မကောင်းတဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Galaxy Z Fold2 စမတ်ဖုန်းဟာ DxOMark မှာ စုစုပေါင်းရမှတ်အနေနဲ့ ၁၀၉ မှတ်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါက $349 တန် Mid Range ဖုန်းဖြစ်တဲ့ Google Pixel 4a လိုမျိုး Single Camera ဖုန်းကတောင် စုစုပေါင်း ၁၁၁ မှတ်ခန့်ရရှိထားပြီးတော့ Galaxy Z Fold2 အနေနဲ့ တခြားသော Flagship စမတ်ဖုန်း Camera တွေနဲ့ ယှဥ်ပြိုင်နိုင်ဖို့ခက်ခဲနေတာဖြစ်ပါတယ်။ DxOMark ရဲ့ နံပါတ် (၁) နေရာကို ရရှိထားတဲ့ Huawei Mate 40 Pro ဖုန်းက စုစုပေါင်းရမှတ် ၁၃၆ မှတ်အထိရရှိထားတဲ့အတွက် အမှတ်ပိုင်းမှာ တော်တော်လေးကို ကွာဟနေတာပါ။

အသေးစိတ်အနေနဲ့ကတော့ Galaxy Z Fold2 စမတ်ဖုန်းဟာ Photo ပိုင်းမှာ ၁၀၈ မှတ် နဲ့ Video ပိုင်းမှာ ၁၀၂ မှတ်ပဲ ရရှိခဲ့တာဖြစ်ပါတယ်။ DxOMark ကတော့ Primary Sensor နဲ့ ရိုက်ကူးတဲ့ဓါတ်ပုံတွေဟာ Details ပိုင်းအားနည်းသလို Noise နဲ့ Auto-focus ပြဿနာတွေလည်း Low Light ဓါတ်ပုံတွေရိုက်ကူးတဲ့အချိန်မှာ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung အနေနဲ့ ယခုနှစ် Galaxy Z Fold3 စမတ်ဖုန်းမှာတော့ Camera ပိုင်းကို အခုထက်ပိုပြီး အာရုံစိုက်လာမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China