Samsung ဟာ မကြာခင်ကပဲ Foldable ဖုန်းတွေ ဖြစ်တဲ့ Galaxy Z Fold3 နဲ့ Galaxy Z Flip3 တို့ကို ပူပူနွေးနွေး ကြေညာခဲ့ပါတယ်။ အဲဒီ ဖုန်းတွေကို မရောင်းသေးပေမယ့် ကြိုတင်မှာယူခွင့်ပြုထားပါပြီ။ ဒီလ ၁၇ ရက်ကနေ ၂၃ ရက်နေ့အတွင်း ကြိုတင်မှာယူခွင့်ပြုထားတာ ဖြစ်ပြီး အလုံးရေ ၄၅၀,၀၀၀ ကျော် ရောင်းချထားနိုင်ပြီ ဖြစ်တဲ့အတွက် ရောင်းအားလန်းနေပါတယ်။

Samsung Galaxy Z Fold3

ကြိုတင်မှာယူမှုဟာ အလုံးရေ ၆၀၀,၀၀၀ လောက်ရှိသွားနိုင်ပြီး Unlocked မော်ဒယ်တွေပါ ထည့်တွက်ရင် အလုံးရေ ၈၀၀,၀၀၀ လောက် ဖြစ်သွားနိုင်ပါတယ်။ နှိုင်းယှဉ်ရရင် Samsung Galaxy Z Fold2 ကို ကြိုတင်မှာယူမှုဟာ အလုံးရေ ၈၀,၀၀၀ လောက်ပဲ ရှိပါတယ်။

Samsung Galaxy Z Fold 3 vs Galaxy Z Flip 3: What's the difference? | Tom's  Guide

Samsung ရဲ့ Foldable စမတ်ဖုန်း အသစ်တွေဟာ ဒီဇိုင်းလန်းတဲ့အတွက် လူငယ်တွေအကြားမှာ ရေပန်းစားနေတာ အံ့အားသင့်စရာ မလိုပါဘူး။ မိုဘိုင်း အော်ပရေတာ ၁ ခုရဲ့ ကိန်းဂဏန်းတွေအရ Galaxy Z Fold3 ကို ကြိုတင်ဝယ်ယူသူတွေရဲ့ ၄၉ ရာခိုင်နှုန်းနဲ့ Galaxy Z Flip3 ကို ကြိုတင်မှာယူသူတွေရဲ့ ၅၇ ရာခိုင်နှုန်းဟာ ဟာ အသက် ၂၀ ကနေ ၃၀ အတွင်းရှိတယ်လို့ ပြောပါတယ်။

Samsung ဟာ Xiaomi လို တရုတ် စမတ်ဖုန်း ကုမ္ပဏီတွေရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပြီး အဲဒီအတွက် Samsung ဟာ ကမ္ဘာ့ နံပါတ် ၁ နေရာကို ကာကွယ်ဖို့ Foldable စမတ်ဖုန်းတွေကို တိုးမြှင့် ထုတ်လုပ်နေပါတယ်။ Samsung ဟာ ဈေးကွက်ထဲမှာ Foldable စမတ်ဖုန်းတွေ အများဆုံး ထုတ်လုပ်ထားတဲ့ ကုမ္ပဏီ ဖြစ်ပြီး တခြား ကုမ္ပဏီတွေဟာ ပထမဆုံး Foldable ဖုန်းတောင် မထုတ်နိုင်သေးပါဘူး။

Ref : gizmochina