Samsung ကနေ နောက်ဆုံးမိတ်ဆက်လိုက်တဲ့ Galaxy Z Fold3 စမတ်ဖုန်းဟာ လက်ရှိ Foldable ဖုန်းတွေထဲမှာ အကောင်းဆုံးလို့တောင် ပြောနိုင်ပါတယ်။ Foldable ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ IPX8 Water Resistant ပါဝင်လာတာဖြစ်သလို Under Display Selfie Camera ကိုလည်း ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

ဒီလိုမျိုး အဆင့်မြှင့်တင်မှုတွေအပြင် Galaxy Z Fold3 ဖုန်းမှာ Samsung Fan တွေအထူးကြိုက်နှစ်သက်တဲ့ Feature တစ်ခုကိုပါ ထည့်သွင်းပေးထားပါသေးတယ်။ ဒါကတော့ S Pen ကို Support ပြုလုပ်လာတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုနောက်ဆုံးထွက်ရှိလာတဲ့သတင်းတွေအရ S Pen အသုံးပြုနိုင်မှုမှာ ကန့်သတ်ချက်အချို့ရှိနေမယ်လို့ သိရပါတယ်။

ဒါကတော့ Samsung Galaxy Z Fold3 မှာ S Pen အသုံးပြုမယ်ဆိုရင် ယခင် Galaxy Note Series ၊ S Series အပါအဝင် Tab S Series တွေအတွက် ထုတ်ပေးထားတဲ့ S Pen တွေကို အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ အဲ့ဒီအစား Galaxy Z Fold3 အတွက် သီးသန့်ထုတ်ပေးထားတဲ့ S Pen Fold Edition နဲ့ S Pen Pro ၂ မျိုးကိုပဲ သုံးစွဲနိုင်မှာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် အဆိုပါ S Pen ၂ မျိုးဟာ တခြားသော S Pen တွေနဲ့မတူညီတဲ့ ပိုမိုနူးညံ့ပြီး အသုံးပြုတဲ့အချိန်မှာ Pressure ပေါ်မှုတည်ပြီး အတွင်းကို ပြန်ဝင်သွားနိုင်အောင် ပြုလုပ်ထားတာကြောင့်ဖြစ်ပါတယ်။ Galaxy Z Fold3 ရဲ့ Display ဟာ Foldable ဖြစ်နေတာကြောင့် ပုံမှန်စမတ်ဖုန်း Display တွေထက် ပိုပါးလွှာနေတာဖြစ်ပြီး အဲ့ဒီအတွက် အခုလိုမျိုး ကန့်သတ်ထားရတာဖြစ်ပါတယ်။

Samsung Galaxy Z Fold3 ဖုန်းအတွက် S Pen Fold Edition ဟာ $50 ကျသင့်မှာဖြစ်ပြီး S Pen Pro ကတော့ $100 ခန့်ကျသင့်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Samsung ကနေ စျေးကွက်အတော်များများမှာ Galaxy Z Fold3 ဝယ်ယူရင် S Pen Fold Edition ကို လက်ဆောင်ပေးနေတာကြောင့် S Pen အတွက် သီးသန့်ဝယ်ယူဖို့လိုအပ်မှာမဟုတ်ပါဘူး။

Ref – GSM Arena