Samsung Galaxy Z Fold4 ဟာ Samsung Flagship ဖုန်းတွေရဲ့ Feature တစ်ခုဖြစ်တဲ့ S Pen ကို ထောက်ပံ့ပေးထားပါတယ်။ ဒါပေမယ့် S Pen ကို ဖုန်းအတွင်းမှာ ထည့်သိမ်းထားနိုင်ခြင်းမရှိဘဲ သီးသန့် သယ်ယူရမှာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် နှစ်ဝက်နောက်ပိုင်းမှာ မိတ်ဆက်ဖို့ရှိနေတဲ့ Galaxy Z Fold5 Foldable ဖုန်းဟာ ဒီဇိုင်းပိုင်းပြောင်းလဲပြီး မိတ်ဆက်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် အဆိုပါ Z Fold5 ဖုန်းမှာ S Pen ကိုဖုန်းအတွင်းမှာ ထည့်သွင်းလာနိုင်တော့မယ်ဆိုပြီး ခန့်မှန်းနေကြတာဖြစ်ပါတယ်။

အခုနောက်ဆုံးထွက်ရှိလာတဲ့သတင်းအရ Samsung ဟာ Galaxy Z Fold5 ဖုန်းမှာ S Pen ထည့်သွင်းနိုင်ဖို့ကို ပယ်ချလိုက်ပါတယ်။ Samsung ရဲ့ ဖြေရှင်းချက်အရ လက်ရှိ S Pen ကို Galaxy Z Fold5 မှာ ထည့်သွင်းနိုင်အောင် ပြုလုပ်ပေးလိုက်လျှင် ဖုန်းက ပိုပြီး ထူသွားမှာကြောင့်ဖြစ်ပြီး တကယ်လို့ S Pen ကို အခုထက်ပိုပြီး ပါးလိုက်ရင်လည်း အသုံးပြုတဲ့အချိန်မှာ အဆင်မပြေဖြစ်နိုင်တာကြောင့်လို့ သိရပါတယ်။

ဒါကြောင့် Galaxy Z Fold5 ဖုန်းမှာ S Pen ကို ထည့်သွင်းနိုင်ဦးမှာမဟုတ်ပေမယ့် Samsung ဟာ Galaxy Z Fold6 ဖုန်းမှာ S Pen ကို လက်ရှိပုံစံအတိုင်း ဖုန်းအတွင်းထည့်ထားနိုင်အောင် ဒီဇိုင်းပြုလုပ်နေပြီဖြစ်ပါတယ်။

Ref – GSM Arena