Samsung က ပဲရစ်မှာ ကျင်းပတဲ့ Unpacked Event မှာ Galaxy Z Fold6 ကို ကြေညာလိုက်ပြီး ပိုမိုပါးလွှာ ပေါ့ပါးတဲ့ ဒီဇိုင်း ဖြစ်လာပါတယ်။ အဲဒီဖုန်းမှာ Snapdragon 8 Gen 3 Chipset မောင်းနှင်ထားပြီးနောက်ဆုံးထုတ် Galaxy AI ပါတဲ့ One UI 6.1.1 ထည့်သွင်းထားပါတယ်။

Samsung Galaxy Z Fold6 comes with new aspect, lighter body

Cover Display ရဲ့ အရွယ်အစားကို 6.3” အထိ တိုးမြှင့်ပေးထားပါတယ်။ အတွင်းဘက်မှာ 7.6” Foldable Display ပါလာပါတယ်။ Main နဲ့ Cover Screen ၂ ခုစလုံးဟာ Dynamic AMOLED 2X ဖြစ်ပြီး 120Hz Adaptive Refresh Rate ထောက်ပံ့ထားပါတယ်။ Cover Display နဲ့ ဖုန်း အနောက်ဘက်ကို Corning Gorilla Glass 2 နဲ့ ကာကွယ်ထားပါတယ်။

Samsung Galaxy Z Fold6 comes with new aspect, lighter body

Hinge ကို ဒီဇိုင်း ဆန်းသစ်ထားပြီး အပူချိန်လျှော့ချဖို့အတွက် Fold5 ထက် ၁.၆ ဆ ပိုကြီးတဲ့ Vapor Chamber ထည့်သွင်းထားပါတယ်။ Fold6 မှာ IP48 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး Foldable တွေထဲမှာ ပထမဆုံး ဖြစ်ပါတယ်။

Samsung Galaxy Z Fold6 comes with new aspect, lighter body

ကင်မရာ ၅ လုံး တပ်ဆင်ထားပြီး 50MP Main (OIS), 10MP Telephoto (3x Optical Zoom), 12MP Ultrawide တို့ ပါဝင်ပါတယ်။ 10MP ဆဲလ်ဖီး ကင်မရာကို Cover Display ရဲ့ Punch Hole မှာ တပ်ဆင်ထားပြီး 4MP Video Chat ကင်မရာကို Foldable Display ရဲ့ အောက်မှာ ထည့်သွင်းထားပါတယ်။

25W Wired Charging , 15W Wireless , 4.5W Reverse Wireless Charging ထောက်ပံ့တဲ့ 4,400mAh Battery ပါလာပါတယ်။

Samsung က Fold6 ရဲ့ ကြီးမားတဲ့ Screen အတွက်အထူးပြုလုပ်ထားတဲ့ Galaxy AI Features တွေကို ကြေညာသွားပါတယ်။ Note Assist နဲ့ Circle to Search ဆက်လက် ပါဝင်လာပြီး Interpreter Mode က Main နဲ့ Cover Display မှာ ဘာသာပြန်တာကို ပြသပေးပြီး Sketch to Image က Gallery နဲ့ Note Screen မှ Sketch တွေကနေ AI က အနုပညာလက်ရာတွေ ဖန်တီးပေးနိုင်ပါတယ်။

Galaxy Z Fold6 အတွက် 256GB, 512GB နဲ့ 1TB Storage တွေ ထည့်သွင်းထားပြီး 12GB RAM ပါပါတယ်။ Silver Shadow, Pink နဲ့ Navy အရောင်တွေ ထုတ်လုပ်ထားပြီး အထူးထုတ် Crafted Black နဲ့ White အရောင်တွေကို Smsung.com ကနေပဲ ရောင်းချမှာပါ။

တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁၈၉၉.၉၉ ဒေါ်လာ သတ်မှတ်ထားပြီး ဇူလိုင်လ ၂၄ ရက်နေ့ စတင် ရောင်းချမှာပါ။

Ref : gsmarena