Samsung က IFA 2025 ပွဲမှာ Moving Style smart TV အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ TV ဟာ portable အမျိုးအစား ၂၇ လက်မ QHD မော်ဒယ်ဖြစ်ပြီး 69 Wh ဘက်ထရီ ပါဝင်တဲ့အတွက် အားတစ်ခါသွင်းထားရုံနဲ့ ၃ နာရီလောက် သုံးနိုင်မှာ ဖြစ်ပါတယ်။

ဒီ TV မှာ ဖြုတ်တပ်နိုင်တဲ့ ဘီးပါတဲ့ stand တစ်ခု ပါဝင်ပြီး kickstand အဖြစ်ပါ အသုံးပြုနိုင်တဲ့ လက်ကိုင်လည်း တပ်ဆင်ထားပါတယ်။ ဒါကြောင့် မျက်နှာပြင်ညီတဲ့ နေရာတိုင်းမှာ လှိမ့်သွားဖို့၊ သယ်သွားဖို့ ဒါမှမဟုတ် ထောင်ထားဖို့ အလွန်လွယ်ကူစေပါတယ်။

သူ့ရဲ့ ၂၇ လက်မ 2560×1440 touchscreen display ဟာ 120 Hz refresh rate နဲ့ အလုပ်လုပ်ပြီး HDR10+ ကိုလည်း support လုပ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေးအတွက် Samsung ရဲ့ AI upscaling၊ color optimization နဲ့ auto HDR remastering နည်းပညာတွေလည်း ထည့်သွင်းပေးထားပါတယ်။

Moving Style TV ကို လက်ရှိမှာ တောင်ကိုရီးယားမှာ ဝမ် ၁.၄၄ သန်း (အမေရိကန်ဒေါ်လာ ၁,၀၀၀ ခန့်) နဲ့ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဖြန့်ချိမယ့် အစီအစဉ်ကိုတော့ ကုမ္ပဏီက ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

Ref : Technology Innovation