Unicode
Samsung ကနေ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စတုတ္ထ ၃ လပတ်အတွက် ဝင်ငွေကို ထုတ်ပြန်ခဲ့ပြီးတော့ အဆိုပါရလဒ်တွေဟာ ၂၀၁၉ အစောပိုင်း ၃ လပတ်တွေရဲ့ ရလဒ်နဲ့ ဆင်တူနေခဲ့ပါတယ်။ ဝင်ငွေအရတော့ ၅၉.၉ ထရီလီယံ ဝမ်ငွေ (ဒေါ်လာ ၅၀.၇ ဘီလီယံ) ရရှိခဲ့ပြီး နှစ်အလိုက် ၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပေမယ့် လုပ်ငန်းအမြတ်ငွေရရှိမှုမှာတော့ ၃၄ ရာခိုင်နှုန်း (သို့မဟုတ်) ၇.၁ ထရီလီယံ ဝမ်ငွေ (ဒေါ်လာ ၆ ဘီလီယံ) ခန့် ကျဆင်းခဲ့ပါတယ်။
ဒီလိုမျိုး အမြတ်ငွေကျဆင်းမှုဟာ Memory Chip တွေရဲ့ ရောင်းအားကျဆင်းတာကြောင့် အဓိကဖြစ်ပြီး ယခင်တုန်းက Samsung အတွက် အဓိကဝင်ငွေရရှိတဲ့လုပ်ငန်းဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ နှစ်တိုင်းရောင်းအားကျဆင်းနေပြီဖြစ်ပါတယ်။ နောက်ထပ် Display Panel ရောင်းချရမှုပိုင်းမှာလည်း ဝယ်လိုအားနည်းပါးနေပြီး မနှစ်ကနဲ့ယှဥ်ရင် ဝင်ငွေပိုပြီးကျဆင်းခဲ့တယ်လို့ သိရပါတယ်။
Mobile Division ဘက်မှာတော့ ဝင်ငွေအနေနဲ့ ပြီးခဲ့တဲ့နှစ်ထက် ပိုကောင်းမွန်ခဲ့ပြီး Flagship ဖုန်းတွေတင်မဟုတ်ဘဲ Galaxy A Series အသစ်တွေကပါ ထင်ထားတာထက်ရောင်းအားကောင်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
Samsung ဟာ ဒီလိုမျိုး အမြတ်ငွေကျဆင်းမှုကို လာမယ့် ၂၀၂၀ အတွင်းမှာ 5G အသုံးပြုမှုများပြားလာတာနဲ့အတူ Mobile Division အပြင် Memory Sales တွေကလည်း ပိုပြီးတိုးတက်လာမယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ 5G ပါဝင်ပြီးသား Chipset အသစ်တွေကိုလည်း Mass Market အတွက် ထုတ်လုပ်သွားဖို့ရှိနေပြီးတော့ OLED Display နဲ့ Camera Sensor တွေကိုလည်း ယခုထက်တိုးချဲ့ထုတ်လုပ်သွားမှာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် Samsung အနေနဲ့ အခုလိုမျိုး 5G ကနေတစ်ဆင့် အမြတ်ငွေပြန်လည်တိုးတက်လာဖို့ မျှော်လင့်နေတာက တရုတ်နိုင်ငံတွင်း ကုမ္ပဏီတွေနဲ့ အကြိတ်အနယ်ယှဥ်ပြိုင်ရဖို့ ပိုများနေပါတယ်။
Ref – The Verge
Zawgyi
Samsung ကေန ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ စတုတၳ ၃ လပတ္အတြက္ ဝင္ေငြကို ထုတ္ျပန္ခဲ့ၿပီးေတာ့ အဆိုပါရလဒ္ေတြဟာ ၂၀၁၉ အေစာပိုင္း ၃ လပတ္ေတြရဲ႕ ရလဒ္နဲ႔ ဆင္တူေနခဲ့ပါတယ္။ ဝင္ေငြအရေတာ့ ၅၉.၉ ထရီလီယံ ဝမ္ေငြ (ေဒၚလာ ၅၀.၇ ဘီလီယံ) ရရွိခဲ့ၿပီး ႏွစ္အလိုက္ ၁ ရာခိုင္ႏႈန္း တိုးတက္ခဲ့ေပမယ့္ လုပ္ငန္းအျမတ္ေငြရရွိမႈမွာေတာ့ ၃၄ ရာခိုင္ႏႈန္း (သို႔မဟုတ္) ၇.၁ ထရီလီယံ ဝမ္ေငြ (ေဒၚလာ ၆ ဘီလီယံ) ခန္႔ က်ဆင္းခဲ့ပါတယ္။
ဒီလိုမ်ိဳး အျမတ္ေငြက်ဆင္းမႈဟာ Memory Chip ေတြရဲ႕ ေရာင္းအားက်ဆင္းတာေၾကာင့္ အဓိကျဖစ္ၿပီး ယခင္တုန္းက Samsung အတြက္ အဓိကဝင္ေငြရရွိတဲ့လုပ္ငန္းျဖစ္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ႏွစ္တိုင္းေရာင္းအားက်ဆင္းေနၿပီျဖစ္ပါတယ္။ ေနာက္ထပ္ Display Panel ေရာင္းခ်ရမႈပိုင္းမွာလည္း ဝယ္လိုအားနည္းပါးေနၿပီး မႏွစ္ကနဲ႔ယွဥ္ရင္ ဝင္ေငြပိုၿပီးက်ဆင္းခဲ့တယ္လို႔ သိရပါတယ္။
Mobile Division ဘက္မွာေတာ့ ဝင္ေငြအေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္ထက္ ပိုေကာင္းမြန္ခဲ့ၿပီး Flagship ဖုန္းေတြတင္မဟုတ္ဘဲ Galaxy A Series အသစ္ေတြကပါ ထင္ထားတာထက္ေရာင္းအားေကာင္းခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။
Samsung ဟာ ဒီလိုမ်ိဳး အျမတ္ေငြက်ဆင္းမႈကို လာမယ့္ ၂၀၂၀ အတြင္းမွာ 5G အသုံးျပဳမႈမ်ားျပားလာတာနဲ႔အတူ Mobile Division အျပင္ Memory Sales ေတြကလည္း ပိုၿပီးတိုးတက္လာမယ္လို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ 5G ပါဝင္ၿပီးသား Chipset အသစ္ေတြကိုလည္း Mass Market အတြက္ ထုတ္လုပ္သြားဖို႔ရွိေနၿပီးေတာ့ OLED Display နဲ႔ Camera Sensor ေတြကိုလည္း ယခုထက္တိုးခ်ဲ႕ထုတ္လုပ္သြားမွာျဖစ္ပါတယ္။
ဘာပဲျဖစ္ျဖစ္ Samsung အေနနဲ႔ အခုလိုမ်ိဳး 5G ကေနတစ္ဆင့္ အျမတ္ေငြျပန္လည္တိုးတက္လာဖို႔ ေမွ်ာ္လင့္ေနတာက တ႐ုတ္ႏိုင္ငံတြင္း ကုမၸဏီေတြနဲ႔ အႀကိတ္အနယ္ယွဥ္ၿပိဳင္ရဖို႔ ပိုမ်ားေနပါတယ္။
Ref – The Verge